Wednesday, April 29, 2020

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် WFP မှ ထောက်ပံ့သည့်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ ပလက်ဝမြို့သို့ရောက်ရှိ၊ တာဝန်ရှိသူများအား လွှဲပြောင်းပေးအပ်

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် WFP မှ ထောက်ပံ့သည့်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ ပလက်ဝမြို့သို့ရောက်ရှိ၊ တာဝန်ရှိသူများအား လွှဲပြောင်းပေးအပ် 
နေပြည်တော်၊ ဧပြီ - ၂၉ 
ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ ဒေသခံပြည်သူများအတွက် ချင်းပြည်နယ်အစိုး ရအဖွဲ့နှင့် WFP မှ ထောက်ပံ့သောရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ ဧပြီ ၂၅ ရက်တွင် မတူပီမြို့ မှထွက်ခွာခဲ့ပြီး ဆမီးသို့ရောက်ရှိခဲ့ကြောင်း၊ရိက္ခာများကို ပလက်ဝမြို့သို့ ဆက်လက်ပို့ဆောင်ရန်အတွက် ရာသီဥတုဆိုးရွားပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပျက်စီးမှုများဖြစ်ပေါ်လျက်ရှိပြီး ရိက္ခာယာဉ်များ၏လုံခြုံရေးအတွက် လမ်းလုံခြံုရေး ဆောင်ရွက်ပေးနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆမီးနှင့်ပလက်ဝ အကြား၌ AA အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက်ပစ်ခတ်၍ ဆမီး၌ခေတ္တရပ်တန့်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်သည်။ 
ယင်းသို့ ရာသီဥတုဆိုးရွားမှုကြောင့် လမ်းပျက်စီးပြီး AA အကြမ်းဖက်သောင်းကျန်း သူများက နှောင့်ယှက်ဟန့်တားမှုများကြားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ် သော ကြိုးစားအားထုတ်မှုများဖြင့် ဆက်လက်ပို့ဆောင်ခဲ့ရာ ဧပြီ ၂၈ ရက်တွင် ပလက်ဝမြို့သို့ရောက်ရှိခဲ့သည်။ အလားတူ ပလက်ဝဒေသရှိဒေသခံပြည်သူလူထုအတွက် တပ်မတော်က ကြက်ဥနှင့်ကြက်သွန်နီများအား ရဟတ်ယာဉ်ဖြင့် ဧပြီ ၂၈ ရက်တွင် ပို့ဆောင်ပေးခဲ့သည်။ 
အဆိုပါရောက်ရှိလာသည့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် WFP မှ ထောက်ပံ့သော ဆန်အိတ် ၂၀၀၀ အိတ်နှင့် အသုံးအဆောင်ပစ္စည်းများ၊ ကြက်ဥနှင့် ကြက်သွန်နီအား ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်မှ တာဝန်ရှိသူများက လွှဲပြောင်း ပေးအပ်ခဲ့ရာ ပလက်ဝမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ခံခဲ့ကြသည်။ 
ပလက်ဝဒေသအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက ဆက်သွယ် ရေးလမ်းကြောင်းများဖြတ်တောက်ပိတ်ဆို့ခဲ့မှုကြောင့် ဒေသတွင်းကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာပြီး ကုန်စည်စီးဆင်းမှုမရှိသဖြင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများမှာ စားရေးအခက်အခဲများ ကြုံတွေ့နေသည့် အတွက် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုက်ပွဲရှောင်ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့အစည်းများကလှူဒါန်းထားသည့် ဆန်အိတ် ၈၃၀ အိတ်၊ ဆီ ၂၀၀ ပိဿာ၊ ကြက်သွန်နီ ၇၅၀ ပိဿာ၊ အာလူး ၃၀၀ ပိဿာနှင့် ဆေးမျိုးစုံ ပါဝင်သော ဆေးပုံး ၁၈ ပုံးတို့ကို ဧပြီ ၁၉ ရက်တွင်လည်းကောင်း၊ နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုများ၊ လုံခြံုရေး တပ်ဖွဲ့ဝင်များ စားသုံးရန်အတွက် ဆန်အိတ် ၄၀၀၀ ကျော်နှင့် အခြားအမယ်စုံရိက္ခာများကို ဧပြီ ၂၄ ရက်တွင်လည်းကောင်း AA အကြမ်းဖက်သောင်းကျန်းသူများက နည်းမျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့ နှောင့်ယှက် မှုများကြားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်ကာ ပလက်ဝမြို့ သို့အရောက်ပို့ဆောင်ပေးနိုင်ခဲ့သည်။ 
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပလက်ဝနယ်မြေတည်ငြိမ်အေးချမ်းရေး၊ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်စေရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း နှင့် WFP မှ လှူဒါန်းထားသည့် ဆန်အိတ်များအား ထပ်မံပို့ဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment