COVID-19 ရင္ဆိုင္ေနရခ်ိန္ ရခိုင္နဲ႔ခ်င္းမွာ အရပ္သားဖမ္းဆီးခံရမႈ ေလ်ာ့မသြား
30 ဧၿပီ၊ 2020
ကိုႏိုင္ကြန္းအိန္
ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားေနတဲ့ စစ္ပဲြမ်ားေၾကာင့္ထြက္ေျပးတိမ္းေရွာင္ခဲ့ရေသာ စစ္ေရွာင္မ်ား (သတင္းဓာတ္ပုံ - MP Oung Thaung Shway)
ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားေနတဲ့ စစ္ပဲြမ်ားေၾကာင့္ထြက္ေျပးတိမ္းေရွာင္ခဲ့ရေသာ စစ္ေရွာင္မ်ား (သတင္းဓာတ္ပုံ - MP Oung Thaung Shway)
မွ်ေ၀ပါ
Print
(Zawgyi/Unicode)
တကမၻာလုံး COVID-19 ကပ္ေရာဂါေဘး ရင္ဆုိင္ေျဖရွင္းေနရခ်ိန္မွာ ရခိုင္ျပည္နယ္နဲ႕ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ေတြမွာ စစ္ေဘးဒဏ္ေၾကာင့္ အရပ္သားေတြ ထိခိုက္ေသဆုံး အဖမ္းဆီးခံေနရတဲ့ အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ျပေပးပါမယ္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသနဲ႔ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္အတြင္းမွွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား စစ္ေရးတင္းမာမႈအတြင္း အရပ္သားေတြထိခိုက္မႈေတြ ပိုတိုးပြားလာေနတာပါ။
မေန႔က ေျမာက္ဦးၿမိဳ႕နယ္ တိမ္ညိဳေက်းရြာသား တဦးကို ေျမာက္ဦးအ၀င္ စစ္ေဆးေရးဂိတ္မွာ ဖမ္းဆီးစစ္ေဆးခံရျပီး ဒီကေန႔မွာ အဆိုပါ ဖမ္းဆီးခံရတဲ့သူ ေသဆုံးသြားတယ္လို႔ မိသားစု၀င္တဦးကေျပာပါတယ္။
“မေန႔က ၉ နာရီ ၁၀ နာရီေလာက္ေပါ့ေနာ္။ သူကဆိုင္ကယ္ ေ၀ါ့ေရွာ့လုပ္တာေပါ့။ ေျမာက္ဦးၿမိဳ႕မွာ တာယာဘီး သြား၀ယ္တာ။ ျပန္လာရင္ေတာ့ ေျမာက္ဦး အ၀င္၀ေပါ့။ စစ္ေဆးေရးဂိတ္နားမွာ စစ္သားရယ္၊ ရဲသားရယ္ ေပါင္းျပီးေတာ့ သူတို႔ ဖမ္းထားတယ္။ က်ေနာ္တို႔ မိသားစုေတြသြားေတြ႔တယ္။ က်ေနာ္တို႔ ေတြ႕ခြင့္မရဘုူး။ ဒီမနက္ ၁၀ နာရီေလာက္မွာ သူတို႕ေဆးရံုကို အေလာင္းကိုပဲ ေတြ႕တယ္။ အေလာင္းကို က်ေနာ္တို႔ အခုရြာကို သယ္ေဆာင္လာတယ္။”
ဒီရက္ပိုင္းအတြင္း ေက်ာက္ေတာ္ျမိဳ႕နယ္အတြင္း အရပ္သား ၂၀ ေက်ာ္ အဖမ္းဆီးခံထားရျပီး ေပ်ာက္ဆုံးေနတယ္လို႔ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္း၀င္းကေျပာပါတယ္။
“က်ေနာ္တို႔ဆီကို တိုင္ၾကားထားတဲ့ စာရင္းထဲမွာေတာ့ တင္းမၾကီးရြာက ၁၀ ေယာက္ရယ္ အထက္တင္းမရြာက ၈ ေယာက္ေပါ့။ ေရႊျပည္ေက်းရြာက တေယာက္။ တခ်ိဳ႕ေပ်ာက္သြားတဲ့သူလည္း သံုး၊ ေလး ေယာက္ေလာက္ရွိတာေပါ့။ အကုန္လုံး ၂၀ ေက်ာ္ေလာက္ရွိတယ္။”
ရေသ့ေတာင္ၿမိဳ႕မွာ စစ္ေရွာင္စခန္းမ်ားကို ေဆာက္လုပ္ေနပံု
SEE ALSO:
ရေသ့ေတာင္ၿမိဳ႕ေပၚမွာ စစ္ေရွာင္စခန္းေဆာက္လုပ္မႈ ျပည္နယ္အစိုးရ တားျမစ္
ေက်ာက္ေတာ္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္အတြင္း အရပ္သားဖမ္းဆီးခံရမႈ အေျခအေနကို တပ္မေတာ္ဘက္ကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။
ရခိုင္ျပည္နယ္အတြင္း ဒီဧျပီလမွာ ႏွစ္ဘက္စစ္ေရး တင္းမာမႈအတြင္း အရပ္သားေတြ ထိခိုက္မႈ ပိုမ်ားလာတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအရံုးဥကၠ႒ ဦးေရႊေဘာ္စိန္က ဗီြအိုေအကို ေျပာပါတယ္။
"တပူမွာ ႏွစ္ပူထပ္သလိုေပါ့ေနာ္။ က်ေနာ္တို႔ ရခိုင္ျပည္ကအခုဆိုလို႔ရွိရင္ စစ္ေရးက ပိုျပီးေတာ့ ျပင္းထန္လာသလို COVID-19 ေရာဂါကလည္း စိတ္မခ်နိုင္တဲ့ အေနအထားေရာက္တဲ့အတြက္ ျပည္သူေတြက အခုလက္ရွိ စိုးရိမ္မႈေတြအမ်ားၾကီး ရွိေနတာကို ေတြ႔ရတယ္။”
အလားတူ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္မွာလည္း ႏွစ္ဘက္ ပဋိပကၡပတြင္း အရပ္သားေတြအေပၚ ပစ္မွတ္ထား တိုက္ခိုက္မႈေတြရိွေနတာေၾကာင့္ ေဒသခံေတြစိုးရိမ္မႈေတြ ရွိေနတယ္လို႔ ပလက္၀ၿမိဳ႕နယ္ မဲဆႏၵနယ္က အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဆလိုင္းမ်ိဳးထိုက္ကေျပာပါတယ္။
“အခုလက္ရွိ အေျခအေနအထိေတာ့ ေသဆုံးသူက ခန္႔မွန္းေျခက ၂၀ ေက်ာ္ေတာ့ ရွိျပီေပါ့ေနာ္။ ဒဏ္ရာရတဲ့သူက အခု ၃၀ ေက်ာ္ေလာက္ရွိတယ္ေပါ့ေနာ္။ ဒဏ္ရာရတဲ့သူေတြကလည္း တခ်ိဳ႕က ရြာထဲမွာလည္း ရွိတာရွိတယ္ေလ။ ျမိဳ႕ေပၚမွာမေရာက္ နိုင္တဲ့အပိုင္းေတြလဲရွိတယ္။ က်ေနာ္တို႔ေတြက အတိက်ေျပာဖို႔ေတာ့ အရမ္းခက္တယ္။ ေျပာမယ္ဆိုရင္ေတာ့ ေလယာဥ္ပ်ံသံေတြ ၾကားတယ္ဆိုရင္ေတာ့ သက္ၾကီးရြယ္အိုေတြ၊ ကေလးသူငယ္ေတြကေတာ့ ဘယ္နားမွာ ပုန္းၾကမလဲေပါ့။ ေသနတ္သံၾကားရင္ ဘယ္နားမွာ က်ည္ဆံမိမလဲေပါ့။ ဒါေတြက စိုးရိမ္စရာအေနအထားရွိတာေပါ့ေနာ္။”
၂၀၁၉ ခုနွစ္က လႊတ္ေတာ္ေကာ္မတီမ်ားနဲ႔ CSO ကိုယ္စားလွယ္ေတြ ေနျပည္ေတာ္မွာ ေတြ႔ဆံု (ဓာတ္ပံု- ညီမွ်ျခင္းျမန္မာဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္း)
SEE ALSO:
WHO ဝန္ထမ္း ရခိုင္မွာ ပစ္သတ္ခံရမႈ စံုစမ္းဖို႔ အရပ္ဘက္အဖြဲ႔ေတြ ေတာင္းဆို
ရခုိင္နဲ႔ ခ်င္းျပည္နယ္ထဲက အရပ္သားေတြအေပၚ က်ဴးလြန္တဲ့ စစ္ရာဇ၀တ္မႈေတြနဲ႔ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇ၀တ္မႈေတြ တိုးလာေနတယ္လို႔လည္း ကုလအထူးကုိယ္စားလွယ္ ယန္ဟီးလီက ေျပာဆိုခဲ့ပါတယ္။
ဒီလို ဆက္ျဖစ္ေနတဲ့ စစ္ရာဇ၀တ္မႈေတြနဲ႔ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇ၀တ္မႈဆိုင္ရာ စြပ္စြဲခ်က္ေတြကို စံုစမ္းစစ္ေဆးဖို႔ ကုလသမဂၢ အထူးကိုယ္စားလွယ္ ယန္ဟီးလီက ေတာင္းဆိုလိုက္ပါတယ္။
COVID-19 ရင္ဆိုင္ေနရခ်ိန္ ရခိုင္နဲ႔ခ်င္းမွာ အရပ္သားဖမ္းဆီးခံရမႈ ေလ်ာ့မသြား EMBED SHARE
COVID-19 ရင္ဆိုင္ေနရခ်ိန္ ရခိုင္နဲ႔ခ်င္းမွာ အရပ္သားဖမ္းဆီးခံရမႈ ေလ်ာ့မသြား
by ဗီြအိုေအ
EMBED SHARE
The code has been copied to your clipboard.
<iframe src="https://burmese.voanews.com/embed/player/0/5398943.html?type=audio" frameborder="0" scrolling="no" width="100%" height="144" allowfullscreen></iframe>
The URL has been copied to your clipboard
Facebook တြင္ျဖန္႔ေ၀ရန္
Twitter တြင္ျဖန္႔ေ၀ရန္
https://burmese.voanews.com/a/rakhin-chin-conflict/5398943.html
No media source currently available
0:002:46
0:00
တိုက္႐ိုက္ လင့္ခ္
သီးျခားခြဲထုတ္၍ နားဆင္ႏုိင္ပါသည္။
[Unicode Version]
COVID-19 ရင်ဆိုင်နေရချိန် ရခိုင်နဲ့ချင်းမှာ အရပ်သားဖမ်းဆီးခံရမှု လျော့မသွား
တကမ္ဘာလုံး COVID-19 ကပ်ရောဂါဘေး ရင်ဆိုင်ဖြေရှင်းနေရချိန်မှာ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ဘေးဒဏ်ကြောင့် အရပ်သားတွေ ထိခိုက်သေဆုံး အဖမ်းဆီးခံနေရတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား စစ်ရေးတင်းမာမှုအတွင်း အရပ်သားတွေထိခိုက်မှုတွေ ပိုတိုးပွားလာနေတာပါ။
တိုက္ပြဲေၾကာင့္ အိုးအိမ္စြန္႔ထြက္ေျပးရၿပီး ေစတီဝန္းထဲတြင္ ခိုလံႈေနရသည့္ ၿမိဳ တိုင္းရင္းသားတခ်ဳိ႕။ (ဇန္နဝါရီ ၂၅၊ ၂၀၁၉ )
SEE ALSO:
ရခုိင္နဲ႔ခ်င္းျပည္နယ္က တုိက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးသူ ဦးေရတုိး
မနေ့က မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာသားတဦးကို မြောက်ဦးအဝင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးစစ်ဆေးခံရပြီး ဒီကနေ့မှာ အဆိုပါ ဖမ်းဆီးခံရတဲ့သူ သေဆုံးသွားတယ်လို့ မိသားစုဝင်တဦးကပြောပါတယ်။
“မနေ့က ၉ နာရီ ၁၀ နာရီလောက်ပေါ့နော်။ သူကဆိုင်ကယ် ဝေါ့ရှော့လုပ်တာပေါ့။ မြောက်ဦးမြို့မှာ တာယာဘီး သွားဝယ်တာ။ ပြန်လာရင်တော့ မြောက်ဦး အဝင်ဝပေါ့။ စစ်ဆေးရေးဂိတ်နားမှာ စစ်သားရယ်၊ ရဲသားရယ် ပေါင်းပြီးတော့ သူတို့ ဖမ်းထားတယ်။ ကျနော်တို့ မိသားစုတွေသွားတွေ့တယ်။ ကျနော်တို့ တွေ့ခွင့်မရဘုူး။ ဒီမနက် ၁၀ နာရီလောက်မှာ သူတို့ဆေးရုံကို အလောင်းကိုပဲ တွေ့တယ်။ အလောင်းကို ကျနော်တို့ အခုရွာကို သယ်ဆောင်လာတယ်။”
ဒီရက်ပိုင်းအတွင်း ကျောက်တော်မြို့နယ်အတွင်း အရပ်သား ၂၀ ကျော် အဖမ်းဆီးခံထားရပြီးပျောက်ဆုံးနေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းကပြောပါတယ်။
“ကျနော်တို့ဆီကို တိုင်ကြားထားတဲ့ စာရင်းထဲမှာတော့ တင်းမကြီးရွာက ၁၀ ယောက်ရယ် အထက်တင်းမရွာက ၈ ယောက်ပေါ့။ ရွှေပြည်ကျေးရွာက တယောက်။ တချို့ပျောက်သွားတဲ့သူလည်း သုံး၊ လေး ယောက်လောက်ရှိတာပေါ့။ အကုန်လုံး ၂၀ ကျော်လောက်ရှိတယ်။”
ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်အတွင်း အရပ်သားဖမ်းဆီးခံရမှု အခြေအနေကို တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရခိုင်ပြည်နယ်အတွင်း ဒီဧပြီလမှာ နှစ်ဘက်စစ်ရေး တင်းမာမှုအတွင်း အရပ်သားတွေ ထိခိုက်မှု ပိုများလာတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ဗွီအိုအေကို ပြောပါတယ်။
"တပူမှာ နှစ်ပူထပ်သလိုပေါ့နော်။ ကျနော်တို့ ရခိုင်ပြည်ကအခုဆိုလို့ရှိရင် စစ်ရေးက ပိုပြီးတော့ ပြင်းထန်လာသလို COVID-19 ရောဂါကလည်း စိတ်မချနိုင်တဲ့ အနေအထားရောက်တဲ့အတွက် ပြည်သူတွေက အခုလက်ရှိ စိုးရိမ်မှုတွေအများကြီး ရှိနေတာကို တွေ့ရတယ်။”
အလားတူ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း နှစ်ဘက် ပဋိပက္ခပတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေရှိနေတာကြောင့် ဒေသခံတွေစိုးရိမ်မှုတွေ ရှိနေတယ်လို့ ပလက်ဝမြို့နယ် မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်ကပြောပါတယ်။
“အခုလက်ရှိ အခြေအနေအထိတော့ သေဆုံးသူက ခန့်မှန်းခြေက ၂၀ ကျော်တော့ ရှိပြီပေါ့နော်။ ဒဏ်ရာရတဲ့သူက အခု ၃၀ ကျော်လောက်ရှိတယ်ပေါ့နော်။ ဒဏ်ရာရတဲ့သူတွေကလည်း တချို့က ရွာထဲမှာလည်း ရှိတာရှိတယ်လေ။ မြို့ပေါ်မှာမရောက် နိုင်တဲ့အပိုင်းတွေလဲရှိတယ်။ ကျနော်တို့တွေက အတိကျပြောဖို့တော့ အရမ်းခက်တယ်။ ပြောမယ်ဆိုရင်တော့ လေယာဉ်ပျံသံတွေ ကြားတယ်ဆိုရင်တော့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေကတော့ ဘယ်နားမှာ ပုန်းကြမလဲပေါ့။ သေနတ်သံကြားရင် ဘယ်နားမှာ ကျည်ဆံမိမလဲပေါ့။ ဒါတွေက စိုးရိမ်စရာအနေအထားရှိတာပေါ့နော်။”
ရခိုင်နဲ့ ချင်းပြည်နယ်ထဲက အရပ်သားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ တိုးလာနေတယ်လို့လည်း ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုခဲ့ပါတယ်။
ဒီလို ဆက်ဖြစ်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက တောင်းဆိုလိုက်ပါတယ်။
https://burmese.voanews.com/a/rakhin-chin-conflict/5398946.html
No comments:
Post a Comment