Thursday, April 30, 2020

ပါေမာကၡ ယန္ဟီးလီ တာဝန္ထမ္းေဆာင္မႈ ေနာက္ဆံုးေန႔ ႏႈတ္ဆက္စကား

ပါေမာကၡ ယန္ဟီးလီ တာဝန္ထမ္းေဆာင္မႈ ေနာက္ဆံုးေန႔ ႏႈတ္ဆက္စကား
30 ဧၿပီ၊ 2020
ဗြီအိုေအ (ျမန္မာပုိင္း)
ျမန္မာႏုိင္ငံဆိုင္ရာ ကုလအထူးစံုစမ္းေရးမွဴး Yanghee Lee (မတ္ ၁၃၊ ၂၀၁၇)
ျမန္မာႏုိင္ငံဆိုင္ရာ ကုလအထူးစံုစမ္းေရးမွဴး Yanghee Lee (မတ္ ၁၃၊ ၂၀၁၇)
မွ်ေ၀ပါ
 Print

(Zawgyi/Unicode)

ျမန္မာႏိုင္ငံလူ႔အခြင့္အေရးအေျခအေနဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္တာဝန္ကို စိတ္မသက္မသာနဲ႔ ဒီကေန႔ အဆံုးသတ္ပါတယ္လို႔ အထူးကိုယ္စားလွယ္ Yanghee Lee ကသူ႔ရဲ႕ Facebook စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ျမန္မာႏိုင္ငံ ဦးတည္သြားေနတဲ့လမ္းေၾကာင့္ စိတ္မေကာင္းျဖစ္ရတယ္၊ ျပည္သူေတြ ဒုကၡခံစားေနရတာကို ခြင့္ျပဳေနတဲ့ အစိုးရအေပၚ စိတ္ဆိုးတယ္၊ တရားမ ွ်တမႈနဲ႔ တာဝန္ခံမႈ႐ွိေအာင္ ႏိုင္ငံတကာအသိုင္းအဝိုင္းက မလုပ္တဲ့အေပၚ စိတ္ပ်က္တယ္၊ အျပစ္ရွိသူေတြ အျပစ္က ကင္းလြတ္ေနေအာင္ လုပ္ခြင့္ေပးေနတယ္လုိ႔ Yanghee Lee က ေရးထားသလုိ ေနာက္တစ္ေခါက္ ဆိုးဝါးတဲ့ ျပႆနာႀကီး ထပ္ေပၚလာခ့ဲရင္ ႏိုင္ငံတကာအသိုင္းအဝိုင္းက ဘယ္လိုေျပာၾကဦးမွာလဲ၊ ေနာက္ထပ္ ဒါမ်ဳိး မျဖစ္ေစရဘူးလို႔ ထပ္ေျပာၾကဦးမွာလားလို႔ ေမးခြန္းထုတ္ထားပါတယ္။


ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးအထူးကုိယ္စားလွယ္အျဖစ္ သူ႔တာဝန္ေနာက္ဆံုးေန႔မွာ သူ႔လုပ္ငန္းေတြအေပၚ ေထာက္ခံသူေတြကို ေက်းဇူးတင္ထားသလို ျမန္မာႏိုင္ငံအတြက္ စိတ္ေရာကိုယ္ပါႏွစ္ၿပီးလုပ္ေနၾကသူေတြနဲ႔ ေတြ႔ဆံုခြင့္ရခဲ့တာ အခြင့္ထူးျဖစ္တယ္လို႔လည္း ေဖာ္ျပေျပာထားပါတယ္။

သူ႔ရဲ႕စိတ္ထဲမွာ ျမန္မာျပည္သူေတြ အျမဲ႐ွိေနမွာျဖစ္ပါတယ္လို႔ Yanghee Lee ကသူ႔ရဲ႕ Facebook စာမ်က္ႏွာမွာ ႏႈတ္ဆက္ေရးသားထားပါတယ္။

Yanghee Lee ကို ျမန္မာႏိုင္ငံဆိုင္ရာ အထူးကုိယ္စားလွယ္အျဖစ္ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီက ၂၀၁၄ ခုႏွစ္မွာ စတင္တာဝန္ေပးခဲ့ၿပီး သက္တမ္း ႏွစ္ႀကိမ္တိုးခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္က ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ လံုျခံဳေရးတပ္ဖဲြ႔ဝင္ေတြရဲ႕နယ္ေျမ႐ွင္းလင္းမႈေတြမွာ ႐ိုဟင္ဂ်ာေတြအေပၚ ဆိုးဝါးတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ ရွိခဲ့တဲ့အေၾကာင္း အစီရင္ခံစာေတြ ထုတ္ျပန္တဲ့အတြက္ ျမန္မာအစိုးရဘက္က သူ႕ကို ျပည္ဝင္ခြင့္ ပိတ္ခဲ့သလုိ သူနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြကိုလည္း ရပ္ခဲ့ပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့အသံုးအႏႈန္းကိုလည္း ျမန္မာအစိုးရက လက္မခံပါဘူး။

Yanghee Lee ဟာ ၂၀၁၇ ဒီဇင္ဘာမွာ ျပည္ဝင္ခြင့္တားျမစ္ မခံရခင္အထိ ျမန္မာႏိုင္ငံကို ၆ ႀကိမ္သြားေရာက္ခဲ့ဖူးၿပီး ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔လည္း ေတြ႔ဆံုေဆြးေႏြးခဲ့ဖူးပါတယ္။

သူ႔ေနရာမွာ အေမရိကန္ေအာက္လႊတ္ေတာ္အမတ္ေဟာင္း Tom Andrews ကို တာဝန္ေပးဖုိ႔ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီက ေ႐ြးခ်ယ္ထားပါတယ္။

[Unicode Version]

ပါမောက္ခ ယန်ဟီးလီ တာဝန်ထမ်းဆောင်မှု နောက်ဆုံးနေ့ နှုတ်ဆက်စကား

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တာဝန်ကို စိတ်မသက်မသာနဲ့ ဒီကနေ့ အဆုံးသတ်ပါတယ်လို့ အထူးကိုယ်စားလှယ် Yanghee Lee ကသူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံ ဦးတည်သွားနေတဲ့လမ်းကြောင့် စိတ်မကောင်းဖြစ်ရတယ်၊ ပြည်သူတွေ ဒုက္ခခံစားနေရတာကို ခွင့်ပြုနေတဲ့ အစိုးရအပေါ် စိတ်ဆိုးတယ်၊ တရားမ ျှတမှုနဲ့ တာဝန်ခံမှုရှိအောင် နိုင်ငံတကာအသိုင်းအဝိုင်းက မလုပ်တဲ့အပေါ် စိတ်ပျက်တယ်၊ အပြစ်ရှိသူတွေ အပြစ်က ကင်းလွတ်နေအောင် လုပ်ခွင့်ပေးနေတယ်လို့ Yanghee Lee က ရေးထားသလို နောက်တစ်ခေါက် ဆိုးဝါးတဲ့ ပြဿနာကြီး ထပ်ပေါ်လာခဲ့ရင် နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လိုပြောကြဦးမှာလဲ၊ နောက်ထပ် ဒါမျိုး မဖြစ်စေရဘူးလို့ ထပ်ပြောကြဦးမှာလားလို့ မေးခွန်းထုတ်ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် သူ့တာဝန်နောက်ဆုံးနေ့မှာ သူ့လုပ်ငန်းတွေအပေါ် ထောက်ခံသူတွေကို ကျေးဇူးတင်ထားသလို မြန်မာနိုင်ငံအတွက် စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်နေကြသူတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တာ အခွင့်ထူးဖြစ်တယ်လို့လည်း ဖော်ပြပြောထားပါတယ်။

ျမန္မာႏုိင္ငံဆိုင္ရာ ကုလအထူးစံုစမ္းေရးမွဴး Yanghee Lee (ဇူလိုင္ ၂၁၊ ၂၀၁၇)
ျမန္မာႏုိင္ငံဆိုင္ရာ ကုလအထူးစံုစမ္းေရးမွဴး Yanghee Lee (ဇူလိုင္ ၂၁၊ ၂၀၁၇)
သူ့ရဲ့စိတ်ထဲမှာ မြန်မာပြည်သူတွေ အမြဲရှိနေမှာဖြစ်ပါတယ်လို့ Yanghee Lee ကသူ့ရဲ့ Facebook စာမျက်နှာမှာ နှုတ်ဆက်ရေးသားထားပါတယ်။

Yanghee Lee ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၁၄ ခုနှစ်မှာ စတင်တာဝန်ပေးခဲ့ပြီး သက်တမ်း နှစ်ကြိမ်တိုးခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့နယ်မြေရှင်းလင်းမှုတွေမှာ ရိုဟင်ဂျာတွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တဲ့အကြောင်း အစီရင်ခံစာတွေ ထုတ်ပြန်တဲ့အတွက် မြန်မာအစိုးရဘက်က သူ့ကို ပြည်ဝင်ခွင့် ပိတ်ခဲ့သလို သူနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ရပ်ခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုလည်း မြန်မာအစိုးရက လက်မခံပါဘူး။

Yanghee Lee ဟာ ၂၀၁၇ ဒီဇင်ဘာမှာ ပြည်ဝင်ခွင့်တားမြစ် မခံရခင်အထိ မြန်မာနိုင်ငံကို ၆ ကြိမ်သွားရောက်ခဲ့ဖူးပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။

သူ့နေရာမှာ အမေရိကန်အောက်လွှတ်တော်အမတ်ဟောင်း Tom Andrews ကို တာဝန်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ရွေးချယ်ထားပါတယ်။

https://burmese.voanews.com/a/yanghee-lee/5399014.html

No comments:

Post a Comment