ရေသ့ေတာင္ၿမိဳ႕ေပၚမွာ စစ္ေရွာင္စခန္းေဆာက္လုပ္မႈ ျပည္နယ္အစိုးရ တားျမစ္
30 ဧၿပီ၊ 2020
သက္ႏိုင္
ရေသ့ေတာင္ၿမိဳ႕မွာ စစ္ေရွာင္စခန္းမ်ားကို ေဆာက္လုပ္ေနပံု
ရေသ့ေတာင္ၿမိဳ႕မွာ စစ္ေရွာင္စခန္းမ်ားကို ေဆာက္လုပ္ေနပံု
မွ်ေ၀ပါ
Print
(Zawgyi/Unicode)
ရေသ့ေတာင္ၿမိဳ႕ေပၚမွာ စစ္ေရွာင္ေတြအတြက္ လက္ရွိေဆာက္လုပ္ေနတဲ့ စစ္ေရွာင္စခန္းေတြကို ဆက္မေဆာက္ဖို႔ ျပည္နယ္အစိုးရအဖဲြ႔က တားျမစ္လိုက္တဲ့ သတင္းကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ဆက္ေပးပါမယ္။
ရေသ့ေတာင္ၿမိဳ႕မွာ စစ္ေရွာင္စခန္းမ်ားကို ေဆာက္လုပ္ေနပံု
ရေသ့ေတာင္ၿမိဳ႕မွာ စစ္ေရွာင္စခန္းမ်ားကို ေဆာက္လုပ္ေနပံု
ရခိုင္ေျမာက္ပိုင္းက အစိုးရနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ၾကား တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးလာၾကတဲ့ စစ္ေရွာင္ေတြဟာ ရေသ့ေတာင္ၿမိဳ႕ေပၚမွာ ၃၀,၀၀၀ နီးပါးရွိတယ္လို႔ စစ္ေရွာင္ကူညီသူေတြက ေျပာဆိုၾကပါတယ္။
လက္ရွိအခ်ိန္မွာ ရေသ့ေတာင္ၿမိဳ႕ေပၚမွာ စစ္ေရွာင္ေတြ မ်ားလာတာေၾကာင့္ စားဝတ္ေနေရးေတြ ခက္ခဲလာသလို စစ္ေရွာင္ေတြ ေနထိုင္ဖို႔အတြက္ အေဆာက္အဦးေတြ မလံုေလာက္တာေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဦးေဆာင္ၿပီးေတာ့ အေဆာင္ေတြ ေဆာက္လုပ္ေနၾကတာျဖစ္တယ္လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။
"အိမ္ေျခကေတာ့ ၁၀၀၊ ၂၀၀ ေလာက္နီးပါး ေနဖို႔ေလာက္ေတာ့ ရေနၿပီ။ ၁၀ေပကို တစ္ခန္းလုပ္တာကို အဲေတာ့ တစ္အိမ္နဲ႔ တစ္အိမ္ျခားတာေတာ့ မရွိဘူး။ အမိုး မိုးၿပီးၿပီ၊ အဲလိုအကာလုပ္ဖို႔ပဲ က်န္ေတာ့တာ။ တကယ္လို႔ ေနမယ္ဆိုရင္ေတာ့ ေနလို႔ရတဲ့ အေနအထားရွိေနပါၿပီ။"
တိုက္ပြဲေၾကာင့္ အိုးအိမ္စြန္႔ထြက္ေျပးရၿပီး ေစတီဝန္းထဲတြင္ ခိုလံႈေနရသည့္ ၿမိဳ တိုင္းရင္းသားတခ်ဳိ႕။ (ဇန္နဝါရီ ၂၅၊ ၂၀၁၉ )
SEE ALSO:
ရခုိင္နဲ႔ခ်င္းျပည္နယ္က တုိက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးသူ ဦးေရတုိး
စစ္ေရွာင္ေတြအတြက္ ေဆာက္လုပ္ေနတာကို တစ္ဦးခ်င္းျဖစ္ေစ၊ အဖြဲ႔အစည္းနဲ႔ ျဖစ္ေစ ဆက္မေဆာက္ လုပ္ဖို႔အတြက္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔က ဒီကေန႔မွာပဲ စာထုတ္ၿပီးေတာ့ တားျမစ္လိုက္တယ္လို႔ ေဒၚခင္ေစာေဝက ဆက္ေျပာပါတယ္။
"ဘာပဲျဖစ္ျဖစ္ က်မတို႔ကေတာ့ စိတ္မေကာင္းပါဘူး။ က်မတို႔က ျပည္သူက တင္ေျမာက္ထားတဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္တယ္။ ျပည္သူေတြရဲ႕ အခက္အခဲကို ေျဖရွင္းရဖို႔ တာဝန္ေတြရွိတယ္လို႔ ကိုယ့္ကိုကိုယ္ ယံုၾကည္တဲ့ အတြက္ ဒီလိုမ်ိဳး က်မတို႔ ေဆာင္ရြက္ရတာ ျဖစ္ပါတယ္။ ကိုယ့္အတြက္မဟုတ္ဘူး။ မဲေပးထားတဲ့ ျပည္သူေတြအတြက္ ျပည္သူေတြရဲ႕ က်န္းမာေရး၊ ၿပီးေတာ့ COVID-19 နဲ႔ ပတ္သတ္ၿပီးေတာ့ တိုက္ဖ်က္ဖို႔ လုပ္ေနတဲ့ အခ်ိန္မွာ အစိုးရမွာလည္း အလုပ္မ်ားတယ္။ ဒါကို က်မတို႔က ကူညီဖို႔လုပ္ေနတာ ျဖစ္တယ္။ တက္ႏိုင္တဲ့ဘက္က က်မတို႔က လူစုခြဲတဲ့သေဘာ ေကာင္းေကာင္းမြန္မြန္ ေနလို႔ရေအာင္ လုပ္ေပးထားတာ ျဖစ္တယ္။ အစုိုးရအေနနဲ႔ ဒါကိုေတာ့ မကန္႔ကြက္သင့္ပါဘူး။ က်မတို႔က ေခၚယူေဆြးေႏြးသင့္တယ္လို႔ ျမင္တယ္။"
ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးလာၾကသူေတြအတြက္ ျပည္နယ္အစိုးရအေနနဲ႔ ၿမိဳ႕နယ္ ေျခာက္ ခုမွာ စစ္ေရွာင္စခန္း ခုနစ္ ခု တည္ေဆာက္ထားေပးၿပီးျဖစ္သလို လိုအပ္တဲ့ စစ္ေရွာင္စခန္းေတြ ထပ္ေဆာက္ေပးဖို႔ စီစဥ္ေနတယ္လို႔လည္း အဲဒီတားျမစ္စာထဲမွာ ေဖာ္ျပထားတာလည္း ျဖစ္ပါတယ္။
စစ္ေရွာင္စခန္းေတြ ေဆာက္လုပ္ေနတာကို တားျမစ္တာနဲ႔ ပတ္သတ္ၿပီး ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ ေျပာခြင့္ ရသူေတြကို ဆက္သြယ္ခဲ့ေပမယ့္လည္း တုံ႔ျပန္ေျဖၾကားမႈ မရိွပါဘူး။
အစိုးရက ေဆာက္လုပ္ေပးထားတဲ့ စစ္ေရွာင္စခန္းေတြဟာ ၿမိဳ႕ေပၚနဲ႔ ေဝးလြန္းသလို နယ္ေျမအေနအထားကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေဒသခံေတြနဲ႔ တိုင္ပင္ၿပီးေဆာက္လုပ္ထားတာ မဟုတ္တာေၾကာင့္ စစ္ေရွာင္ေတြအေနနဲ႔ အဲဒီစခန္းေတြမွာ ေနထိုင္ဖို႔အဆင္မေျပဘူးလို႔လည္း စစ္ေရွာင္ေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာဆိုၾကပါတယ္။
ရေသ့ေတာင္ၿမိဳ႕မွာ စစ္ေရွာင္စခန္းမ်ားကို ေဆာက္လုပ္ေနပံု
ရေသ့ေတာင္ၿမိဳ႕မွာ စစ္ေရွာင္စခန္းမ်ားကို ေဆာက္လုပ္ေနပံု
ရေသ့ေတာင္ၿမိဳ႕နယ္မွာ အခုေဆာက္လုပ္ေနတဲ့ စစ္ေရွာင္စခန္းေတြကို ဆက္မေဆာက္ဖို႔ တာျမစ္ထားတာေၾကာင့္ ေနာက္ထပ္ဘာဆက္လုပ္ရမလဲဆိုတာကုိ ေဆြးေႏြးသြားမွာျဖစ္တယ္လို႔ ေဒၚခင္ေစာေဝက ေျပာပါတယ္။
"သူတို႔အေနနဲ႔ စာထုတ္တယ္ဆိုေတာ့ သူတို႔ကေတာ့ လုပ္ပိုင္ခြင့္ရွိတဲ့ အစိုးရတစ္ရပ္ျဖစ္တယ္။ က်မတို႔ကေတာ့ ျပည္သူ႔ကိုယ္စားလွယ္သာျဖစ္တယ္။ လုပ္ပိုင္ခြင့္လည္း မရွိဘူး၊ အာဏာလည္း မရွိဘူး။ အဲဒါေၾကာင့္ ဒီစစ္ေရွာင္စခန္းေတြကို ေရွ႕ဆက္သြားဖို႔အတြက္ ဘယ္လုပ္စီမံခ်က္ေတြ ထပ္လုပ္သြားမယ္ဆိုတာကိုေတာ့ က်မတို႔ ေဆြးေႏြးသြားဖို႔ အစီအစဥ္ရွိပါတယ္။"
ရခိုင္ေျမာက္ပိုင္းမွာ လက္ရွိအခ်ိန္ထိ တိုက္ပြဲေတြလည္း ဆက္လက္ျပင္းထန္ေနသလို စစ္ေရွာင္ဦးေတြဟာလည္း ေန႔စဥ္နဲ႔အမွ်တိုးလာေနပါတယ္။
လက္ရွိအခ်ိန္မွာ ရေသ့ေတာင္ၿမိဳ႕နယ္မွာရွိတဲ့ စစ္ေရွာင္ေတြဟာ ေျမႀကီးေပၚမွာ ကပ္ထူးစကၠဴေလးေတြ ခင္းၿပီးေနထိုင္ေနၾကရၿပီး ဒီရက္ပိုင္းအတြင္းမွာ မိုးရြာသြန္းမႈေတြ ရွိေနတာေၾကာင့္ သူတို႔အေနနဲ႔ စားဝတ္ေနေရးအျပင္ က်န္းမာေရးအတြက္ပါ စိုးရိမ္ရတယ္လို႔ စစ္ေရွာင္ကူညီသူေတြက ေျပာဆိုၾကပါတယ္။
ရခိုင္ပဋိပကၡအတြင္း အရပ္သားေတြအခုလို ေဘးဒုကၡေရာက္တာရိွသလို၊ ထိခိုက္ ေသဆံုးမႈေတြေၾကာင့္ ရခိုင္ျပည္နယ္အတြင္းမွာ စစ္ရာဇ၀တ္မႈေတြ လူသားမ်ိဳးႏြယ္္အေပၚက်ဴးလြန္တဲ့ ရာဇ၀တ္မႈေတြ ထပ္ျဖစ္လာေနသလားဆိုၿပီး ကုလလူ႔အခြင့္အေရးကိုယ္စားလွယ္ကလည္း ေမးခြန္းထုတ္ထားပါတယ္။
ရေသ့ေတာင္ၿမိဳ႕ေပၚမွာ စစ္ေရွာင္စခန္းေဆာက္လုပ္မႈ ျပည္နယ္အစိုးရ တားျမစ္ EMBED SHARE
ရေသ့ေတာင္ၿမိဳ႕ေပၚမွာ စစ္ေရွာင္စခန္းေဆာက္လုပ္မႈ ျပည္နယ္အစိုးရ တားျမစ္
by ဗီြအိုေအ
EMBED SHARE
The code has been copied to your clipboard.
<iframe src="https://burmese.voanews.com/embed/player/0/5398734.html?type=audio" frameborder="0" scrolling="no" width="100%" height="144" allowfullscreen></iframe>
The URL has been copied to your clipboard
Facebook တြင္ျဖန္႔ေ၀ရန္
Twitter တြင္ျဖန္႔ေ၀ရန္
https://burmese.voanews.com/a/rakhine-idp-camp/5398734.html
No media source currently available
0:003:38
0:00
တိုက္႐ိုက္ လင့္ခ္
သီးျခားခြဲထုတ္၍ နားဆင္ႏုိင္ပါသည္။
[Unicode Version]
ရသေ့တောင်မြို့ပေါ်မှာ စစ်ရှောင်စခန်းဆောက်လုပ်မှု ပြည်နယ်အစိုးရ တားမြစ်
ရသေ့တောင်မြို့ပေါ်မှာ စစ်ရှောင်တွေအတွက် လက်ရှိဆောက်လုပ်နေတဲ့ စစ်ရှောင်စခန်းတွေကို ဆက်မဆောက်ဖို့ ပြည်နယ်အစိုးရအဖွဲ့က တားမြစ်လိုက်တဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးပါမယ်။
ရခိုင်မြောက်ပိုင်းက အစိုးရနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ စစ်ရှောင်တွေဟာ ရသေ့တောင်မြို့ပေါ်မှာ ၃၀,၀၀၀ နီးပါးရှိတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောဆိုကြပါတယ်။
လက်ရှိအချိန်မှာ ရသေ့တောင်မြို့ပေါ်မှာ စစ်ရှောင်တွေ များလာတာကြောင့် စားဝတ်နေရေးတွေ ခက်ခဲလာသလို စစ်ရှောင်တွေ နေထိုင်ဖို့အတွက် အဆောက်အဦးတွေ မလုံလောက်တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်ပြီးတော့ အဆောင်တွေ ဆောက်လုပ်နေကြတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။
"အိမ်ခြေကတော့ ၁၀၀၊ ၂၀၀ လောက်နီးပါး နေဖို့လောက်တော့ ရနေပြီ။ ၁၀ပေ ကို တစ်ခန်းလုပ်တာကို အဲတော့ တစ်အိမ်နဲ့ တစ်အိမ်ခြားတာတော့ မရှိဘူး။ အမိုး မိုးပြီးပြီ၊ အဲလိုအကာလုပ်ဖို့ပဲ ကျန်တော့တာ။ တကယ်လို့ နေမယ်ဆိုရင်တော့ နေလို့ရတဲ့ အနေအထားရှိနေပါပြီ။"
စစ်ရှောင်တွေအတွက် ဆောက်လုပ်နေတာကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းနဲ့ ဖြစ်စေ ဆက်မဆောက် လုပ်ဖို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့မှာပဲ စာထုတ်ပြီးတော့ တားမြစ်လိုက်တယ်လို့ ဒေါ်ခင်စောဝေက ဆက်ပြောပါတယ်။
ရေသ့ေတာင္ၿမိဳ႕မွာ စစ္ေရွာင္စခန္းမ်ားကို ေဆာက္လုပ္ေနပံု
ရေသ့ေတာင္ၿမိဳ႕မွာ စစ္ေရွာင္စခန္းမ်ားကို ေဆာက္လုပ္ေနပံု
"ဘာပဲဖြစ်ဖြစ် ကျမတို့ကတော့ စိတ်မကောင်းပါဘူး။ ကျမတို့က ပြည်သူက တင်မြောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်တယ်။ ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းရဖို့ တာဝန်တွေရှိတယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်တဲ့ အတွက် ဒီလိုမျိုး ကျမတို့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ကိုယ့်အတွက်မဟုတ်ဘူး။ မဲပေးထားတဲ့ ပြည်သူတွေအတွက် ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပြီးတော့ COVID-19 နဲ့ ပတ်သတ်ပြီးတော့ တိုက်ဖျက်ဖို့ လုပ်နေတဲ့ အချိန်မှာ အစိုးရမှာလည်း အလုပ်များတယ်။ ဒါကို ကျမတို့က ကူညီဖို့လုပ်နေတာ ဖြစ်တယ်။ တက်နိုင်တဲ့ဘက်က ကျမတို့က လူစုခွဲတဲ့သဘော ကောင်းကောင်းမွန်မွန် နေလို့ရအောင် လုပ်ပေးထားတာ ဖြစ်တယ်။ အစိုးရအနေနဲ့ ဒါကိုတော့ မကန့်ကွက်သင့်ပါဘူး။ ကျမတို့က ခေါ်ယူဆွေးနွေးသင့်တယ်လို့ မြင်တယ်။"
ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူတွေအတွက် ပြည်နယ်အစိုးရအနေနဲ့ မြို့နယ် ခြောက် ခုမှာ စစ်ရှောင်စခန်း ခုနစ် ခု တည်ဆောက်ထားပေးပြီးဖြစ်သလို လိုအပ်တဲ့ စစ်ရှောင်စခန်းတွေ ထပ်ဆောက်ပေးဖို့ စီစဉ်နေတယ်လို့လည်း အဲဒီတားမြစ်စာထဲမှာ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။
စစ်ရှောင်စခန်းတွေ ဆောက်လုပ်နေတာကို တားမြစ်တာနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့် ရသူတွေကို ဆက်သွယ်ခဲ့ပေမယ့်လည်း တုံ့ပြန်ဖြေကြားမှု မရှိပါဘူး။
အစိုးရက ဆောက်လုပ်ပေးထားတဲ့ စစ်ရှောင်စခန်းတွေဟာ မြို့ပေါ်နဲ့ ဝေးလွန်းသလို နယ်မြေအနေအထားကို လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသခံတွေနဲ့ တိုင်ပင်ပြီးဆောက်လုပ်ထားတာ မဟုတ်တာကြောင့် စစ်ရှောင်တွေအနေနဲ့ အဲဒီစခန်းတွေမှာ နေထိုင်ဖို့အဆင်မပြေဘူးလို့လည်း စစ်ရှောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုကြပါတယ်။
ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားခဲ့ေသာ တိုုက္ပြဲမ်ားေၾကာင့္ တိမ္းေရွာင္ထြက္ေျပးလာခဲ့ၾကေသာ စစ္ေရွာင္မ်ား (သတင္းဓာတ္ပံု - Rakhine Ethnics Congress)
SEE ALSO:
မင္းျပားပစ္ခတ္မႈ အရပ္သား ၄ ဦး ေသဆံုး
ရသေ့တောင်မြို့နယ်မှာ အခုဆောက်လုပ်နေတဲ့ စစ်ရှောင်စခန်းတွေကို ဆက်မဆောက်ဖို့ တာမြစ်ထားတာကြောင့် နောက်ထပ်ဘာဆက်လုပ်ရမလဲဆိုတာကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။
"သူတို့အနေနဲ့ စာထုတ်တယ်ဆိုတော့ သူတို့ကတော့ လုပ်ပိုင်ခွင့်ရှိတဲ့ အစိုးရတစ်ရပ်ဖြစ်တယ်။ ကျမတို့ကတော့ ပြည်သူ့ကိုယ်စားလှယ်သာဖြစ်တယ်။ လုပ်ပိုင်ခွင့်လည်း မရှိဘူး၊ အာဏာလည်း မရှိဘူး။ အဲဒါကြောင့် ဒီစစ်ရှောင်စခန်းတွေကို ရှေ့ဆက်သွားဖို့အတွက် ဘယ်လုပ်စီမံချက်တွေ ထပ်လုပ်သွားမယ်ဆိုတာကိုတော့ ကျမတို့ ဆွေးနွေးသွားဖို့ အစီအစဉ်ရှိပါတယ်။"
ရေသ့ေတာင္ၿမိဳ႕မွာ စစ္ေရွာင္စခန္းမ်ားကို ေဆာက္လုပ္ေနပံု
ရေသ့ေတာင္ၿမိဳ႕မွာ စစ္ေရွာင္စခန္းမ်ားကို ေဆာက္လုပ္ေနပံု
ရခိုင်မြောက်ပိုင်းမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေလည်း ဆက်လက်ပြင်းထန်နေသလို စစ်ရှောင်ဦးတွေဟာလည်း နေ့စဉ်နဲ့အမျှတိုးလာနေပါတယ်။
လက်ရှိအချိန်မှာ ရသေ့တောင်မြို့နယ်မှာရှိတဲ့ စစ်ရှောင်တွေဟာ မြေကြီးပေါ်မှာ ကပ်ထူးစက္ကူလေးတွေ ခင်းပြီးနေထိုင်နေကြရပြီး ဒီရက်ပိုင်းအတွင်းမှာ မိုးရွာသွန်းမှုတွေ ရှိနေတာကြောင့် သူတို့အနေနဲ့ စားဝတ်နေရေးအပြင် ကျန်းမာရေးအတွက်ပါ စိုးရိမ်ရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောဆိုကြပါတယ်။
ရခိုင်ပဋိပက္ခအတွင်း အရပ်သားတွေအခုလို ဘေးဒုက္ခရောက်တာရှိသလို၊ ထိခိုက် သေဆုံးမှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ထပ်ဖြစ်လာနေသလားဆိုပြီး ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ကလည်း မေးခွန်းထုတ်ထားပါတယ်။
https://burmese.voanews.com/a/rakhine-idp-camp/5398701.html
No comments:
Post a Comment