Friday, March 27, 2020

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကြေညာပေးရန် KNPP တောင်းဆို

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ကူးစပ်ပျံ့နှံ့မှုခံစားနေ ရသည့်အချိန်တွင် အစိုးရနှင့်တပ်မ တော်တို့အနေဖြင့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးကြေညာရန် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) က မတ် ၂၇ ရက်တွင် တောင်းဆိုလိုက် သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသေး သည့် (KNPP) ၏တောင်းဆိုချက်တွင် အပစ်အခတ်ရပ်စဲရေးကြေညာ ခြင်းအားဖြင့် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့်ငြိမ်းချမ်းရေးအပြင် ကပ် ရောဂါကို အဖွဲ့အစည်းအားလုံးကပူးပေါင်းတိုက်ဖျက်နိုင်လိမ့်မည်ဟု ဖော်ပြထားသည်။
(KNPP) သည် COVID-19 ကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကြေညာပေးရန် အစိုးရနှင့်တပ်မတော် ကို တောင်းဆိုသည့် ဒုတိယမြောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းဖြစ်သည်။ ယင်းမတိုင်ခင် မတ် ၂၆ ရက်က ကရင်အမျိုးသား အစည်းအရုံး;(KNU)ကလည်း အလား တူတောင်းဆိုခဲ့သည်။
ထို့အပြင် အရပ်ဘက်အဖွဲ့အစည်း ၅ဝ ကျော်ကလည်း လက်ရှိအချိန်တွင် အပစ်အခတ်ရပ်စဲရေးကြေညာပေးရန် မတ် ၂၆ ရက်က တောင်းဆိုခဲ့သည်။တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကြေညာခြင်းကိစ္စနှင့်ပတ်သက်ပြီး အစိုးရနှင့်တပ်မ တော်တို့ဘက်က တစ်စုံတစ်ရာတုံ့ပြန် ခြင်းမရှိသေးပေ။ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူက အပစ်အခတ်ရပ်စဲရေးအပေါ် မှတ်ချက်မပေးလိုကြောင်း ပြောသည်။
မြန်မာ့တပ်မတော်သည် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ရက်မှ ၂ဝ၁၉ခုနှစ် စက်တင်ဘာ ၂၁ ရက်အထိ မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ဖူး သည်။
၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလစာရင်း များအရ မြန်မာနိုင်ငံအတွင်း ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြို့နယ် ပေါင်း ၂၄ မြို့နယ်၌ စခန်းစုစုပေါင်း ၁၂၈ ခု၊ စခန်းနေ ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ ၁၈၄,၃၃၃ ဦးရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်တွင်းနေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများ (IDPစခန်း များ) တွင် COVID-19 ကာကွယ် ထိန်းချုပ်ကုသရေးအတွက် လုပ်ငန်း စီမံချက်ရေးဆွဲဆောင်ရွက်နိုင်ရေး နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း ကို မတ် ၂၄ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ပြုလုပ်ခဲ့သည်။

No comments:

Post a Comment