Monday, March 2, 2020

တပ်မတော်အငြိမ်းစားဗိုလ်ချုပ်ကြီးများတွေ့ဆုံမှုသည် နိုင်ငံရေးအရ ထူးခြားမှုဖြစ်နေကြောင်း ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ပြော

တပ်မတော်အငြိမ်းစားဗိုလ်ချုပ်ကြီးများတွေ့ဆုံမှုသည် နိုင်ငံရေးအရ ထူးခြားမှုဖြစ်နေကြောင်း ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ပြော
02-Mar-2020
ရန်ကုန်၊ မတ် ၁

မြန်မာနိုင်ငံဗုဒ္ဓဘာသာပုညကုသလအသင်းကြီး (BBMA) ၏ ၉၇ ကြိမ်မြောက် ပိဋကတ်တော်အလှူပွဲတွင် တပ်မတော်မှ အငြိမ်းစား ဗိုလ်ချုပ်ကြီးများတွေ့ဆုံမှုသည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိနိုင်ပြီး ထူးခြားမှုဖြစ်နေကြောင်း ပြည်သူ့ပါတီမှ ဒုဥက္ကဋ္ဌ ဦးမင်းဇေယျာက သုံးသပ်ပြောဆိုလိုက်သည်။

"မတည့်တဲ့သူတွေရော၊ တည့်တဲ့သူတွေရော တစ်နေရာတည်းမှာ အကုန်တွေ့တယ်။ဒါထူးခြား ဖြစ်စဉ်တစ်ခုပဲ။ ရွေးကောက်ပွဲလည်း နီးနေပြီ။ ဘာသာရေးပွဲမှာ အကုန်ဆုံပြီးတွေ့တာ ထူးခြားတယ်၊ စဉ်းစားစရာပါပဲ}} ဟု ၎င်းကဆိုသည်။

BBMA ၏ ပြုလုပ်သော ပိဋကတ်တော်အလှူပွဲသို့ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုဥက္ကဋ္ဌ ဦးခင်ရီတို့ တက်ရောက် ခဲ့သောကြောင့် နိုငံရေးသမားအများစုက ဝေဖန်သုံးသပ်များရှိနေသည်။

အဆိုပါပွဲကို တပ်မတော်မှအငြိမ်းစား ဗိုလ်ချုပ်ကြီးများနှင့် နိုင်ငံတော်အကြီးအကဲဟောင်းများ တက်ရောက်ခဲ့ခြင်းမှာ နိုင်ငံရေးကြောင့် မဟုတ်ဘဲ အလှူရှင်များအနေနှင့် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းကြီး၏နာယက ဦးကျော်ခင်မြင့်က ပြောသည်။

"နိုင်ငံရေးအရ ဖိတ်ကြားခဲ့တာမဟုတ်ပါဘူး။သူတို့က စာအောင်တဲ့ သံဃာတွေကို ငွေလှူထားတဲ့အလှူရှင်တွေပါ။ အလှူရှင်တွေ ဖြစ်တဲ့အတွက်ကြောင့် တက်ရောက်လာခြင်းဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

တပ်မတော်အငြိမ်းစားဗိုလ်ချုပ်ကြီးများ တွေ့ဆုံမှုသည် ဘာသာရေးအရဟု ဆိုသော်လည်း အလွတ်သဘောတွေ့ဆုံမှု၊ ပြောဆိုမှုများသည် နိုင်ငံရေးကိစ္စများဖြစ်နိုင်ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံရေးအရ ပြင်ဆင်မှုများ ရှိလာနိုင်ကြောင်း ပြည်သူ့ပါတီဒုဥက္ကဋ္ဌ ဦးမင်းဇေယျာက ခန့်မှန်းထားသည်။

J-01
http://thevoicemyanmar.com/news/39965-tat

No comments:

Post a Comment