Tuesday, March 3, 2020

မောင်တောမြို့နယ်နှင့် ကျောက်တော်မြို့နယ်တွင် အလောင်း ၂ လောင်း တွေ့ရှိရ

မောင်တောမြို့နယ်နှင့် ကျောက်တော်မြို့နယ်တွင် အလောင်း ၂ လောင်း တွေ့ရှိရ
ရန်ကုန်၊ မတ် ၃
ရခိုင်ပြည်နယ်၊ မောင်တော်မြို့နယ်နှင့် ကျောက်တော်မြို့နယ်တွင် ရုပ်အလောင်း ၂ လောင်း တွေ့ရှိကြောင်း တပ်မတော်က ယနေ့ သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာ၏ မြောက်ဘက်မီတာ ၅၀၀ ခန့်အကွာရှိ ချောင်းအနီး ကိုင်းတောအတွင်း မွတ်စလင် အလောင်းတစ်လောင်း တွေ့ ရှိကြောင်း ၊မတ် ၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် သွားရောက်စစ်ဆေးရာ ယာဘက်မျက်လုံး ဖူးရောင်ပြတ်ရှဒဏ်ရာ တစ်ချက်နှင့် အပေါ်နှုတ်ခမ်း ပြတ်ရှဒဏ်ရာ တစ်ချက် ပက်လက်အနေအထားဖြင့် သေဆုံးနေသည့် ရုပ်အလောင်းဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြို့သစ်ရပ်ကွက်၊ ဦးဥတ္တမ ပန်းခြံအနီး ကစ္ဆပနဒီမြစ်ကမ်းအစပ်၌ ပီနံအိတ် အဖြူရောင်ဖြင့် ထုပ်ပိုးထားသည့် ပုပ်ပွနေသည့် အထုပ်တစ်ထုပ် သောင်တင်နေပြီး အထုပ်အတွင်းမှ ၀ဲဘက်နို့အုံ ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ယာဘက်နို့အုံ ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ၀ဲခြေသလုံး ညိုမည်းဒဏ်ရာတို့ဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတစ်လောင်း အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရုပ်အလောင်းများအား သက်ဆိုင်ရာသို့ ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
https://www.facebook.com/khitthitnews/photos/a.386800725090613/864808967289784/?type=3&__xts__%5B0%5D=68.ARBD2QMu_k66Le7AV872mpbrioIXMhgZATbe6i1y3lPY1LfWILumfunoXq73dLgMBF8seXNgyMJErjAG0AWRuubTNsE6GsfEZgU27yM9YPsYB58b6R5Z4UIyaDEJPDk4k0260cFmfF55CgvmvGswsLvwVl_59ZyrIUcmGAf4OPb8A-BobR7jVcvLVy9ED_LT5ES5YTaPluW__fDACh8yjAvCUV8BM0NU0lb3jUMUe0Szjulwgz5NQsh3BDqjOt5vnrbVJUiekRPpIf4egs9yEGnj-DaUy9TV8WGQ2Xq1-SuHXQ-gtPJFMq8n-_Fsq2mq_gM4OW8srO8NLuEbwImriQM&__tn__=-R

No comments:

Post a Comment