AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ ပစ်ခတ်သည့် ၆၀ မမ ဗုံးသီးပေါက်ကွဲမှုကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးတစ်ဦးဒဏ်ရာရရ
နေပြည်တော် မတ် ၃
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာအုပ်စု၊ ဂျိတ်ချောင်းကျေးရွာနေ မစိုးစိုးရီသည် ကျေးရွာအနီးတောထဲ၌ ထင်းခုတ်နေစဉ် မတ် ၂ ရက် ညနေ ၅ နာရီ ခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များပစ်ခတ်လိုက်သည့် ၆၀ မမ ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် မစိုးစိုးရီ၏ ဝမ်းဗိုက်ညာဘက်တွင် ဗုံးသီးစထိမှန် ဒဏ်ရာတစ်ချက်ရရှိခဲ့သည်။
အဆိုပါဗုံးစထိမှန်လူနာအား အမ်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment