မောင်တောမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့၌ ရုပ်အလောင်း နှစ်လောင်း တွေ့ရှိ
နေပြည်တော် မတ် ၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာ၏ မြောက်ဘက်မီတာ ၅၀၀ ခန့်အကွာရှိ ချောင်းအနီး ကိုင်းတောအတွင်း ဘင်္ဂါလီ အလောင်းတစ်လောင်း တွေ့ ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက မတ် ၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် သွားရောက်စစ်ဆေးရာ ယာဘက်မျက်လုံး ဖူးရောင်ပြတ်ရှဒဏ်ရာ တစ်ချက်နှင့် အပေါ်နှုတ်ခမ်း ပြတ်ရှဒဏ်ရာ တစ်ချက် ပက်လက်အနေအထားဖြင့် သေဆုံးနေသည့် ရုပ်အလောင်းအား တွေ့ရှိခဲ့သည်။
အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြို့သစ်ရပ်ကွက်၊ ဦးဥတ္တမ ပန်းခြံအနီး ကစ္ဆပနဒီမြစ်ကမ်းအစပ်၌ ပီနံအိတ် အဖြူရောင်ဖြင့် ထုပ်ပိုးထားသည့် ပုပ်ပွနေသည့် အထုပ်တစ်ထုပ် သောင်တင်နေကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့် တွင် သွားရောက်စစ်ဆေးရာ အထုပ်အတွင်းမှ ၀ဲဘက်နို့အုံ ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ယာဘက်နို့အုံ ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ၀ဲခြေသလုံး ညိုမည်းဒဏ်ရာတို့ဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတစ်လောင်း အား စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါ ရုပ်အလောင်းများအား သက်ဆိုင်ရာသို့ ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment