မြောက်ဦးတိုက်ပွဲ ပျောက်နေတဲ့သူတွေ အလောင်းတွေ့
NARINJARA
ဖေဖော်ဝါရီ ၂၉ ရက်နေ့ မနက်က ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြောင်းဘွေရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အပြီး ပျောက်ဆုံးနေတဲ့ အရပ်သား အလောင်းတွေ ကို ထပ်တွေ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားတဲ့နေ့က အရပ်သား ၁၆ ဦးပျောက်ဆုံးနေပြီး အဲဒီအထဲက အရပ်သား သုံးယောက်ရဲ့ အလောင်းကို မြေကြီးထဲက ကျင်းတစ်ခုတည်း အတူတူ မြုပ်နှံပြီး မတ်လ၂ ရက်နေ့မှာ တွေ့ရှိခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း သေဆုံးသူ အရပ်သားက ၉ဦးထိ ရှိလာပြီးတော့ အခုအချိန်ထိ ပျောက်ဆုံးနေသူက ၁၃ ဦး၊ ဒဏ်ရာရတဲ့ အရပ်သားလည်း ၁၉ ဦးထိ ရှိတယ်လို့ သိရပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ တိုက်ပွဲတွေ အတွင်း အရပ်သားသေဆုံးမှုမရှိကြောင်းနဲ့ စစ်တပ်က ဖမ်းဆီးသွားတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး သတင်းမရ သေးကြောင်း ဘီဘီစီ ကို ပြောပါတယ် ။
GETTY IMAGES
ဖေဖော်ဝါရီ ၂၉ ရက် နံနက်က ၇ နာရီအချိန်က မင်းပြားကနေ မြောက်ဦးကို ထွက်ခွာလာတဲ့ တပ်မတော် ကားတန်းတစ်ခုကို အေအေရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေက မိုင်းခွဲပြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ အတွက် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း အရပ်သား ၁၆ ဦး ပျောက်ဆုံး နေခဲ့ပြီး မတ်လ၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှာတော့ တိုက်ပွဲ ဖြစ်ပွားရာ နေရာကနေ ၃ မိုင်ခန့်ဝေးတဲ့ ရှမ်းတောင်ကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်းဘေးမှာ အလောင်း ၃ လောင်းကို မြေကြီးထဲက ကျင်းတစ်ခုထဲမှာ အတူတူ မြုပ်နှံပြီး တွေ့ရှိခဲ့ပါတယ်။
တွေ့ရှိတဲ့ အလောင်းတွေကတော့ မြောက်ဦးမြို့နယ် လက်သန်းချေကျေးရွာက ဦးမောင်ကျော်ခိုင်(၃၆)နှစ်၊ ကျွဲတဲရွာက မောင်ဆန်းဌေး (၃၈)နှစ်နဲ့ ဘူးတလုံး မူဆလင် ကျေးရွာမှ အာဒီအာလောင် (၂၃ )နှစ်တို့ဖြစ်ကြပါတယ်။
အသတ်ခံရတဲ့ အထဲမှာပါတဲ့ ဦးမောင်ကျော်ခိုင်ရဲ့ ဇနီးဖြစ်က သူ့ယောက်ျားဟာ ကျပန်းလုပ်ကိုင်စားသူဖြစ်ပြီး ငါးဒိုင်မှာ ငါးတောင်းထမ်းနေရာကနေ တပ်မတော်က ဖမ်းဆီးခေါ်ဆောင် သွားတာလို့လည်းပြောပါတယ် ။
ဖမ်းဆီးခံရသူတွေဟာ စစ်တပ်က ကားနဲ့လာပြီး ရခိုင်နဲ့ မူဆလင်တွေ ပေါင်းပြီးတော့ ဘာဖြစ်လို့ ဒီလုပ်တာ လဲဆိုပြီး အကုန်လုံးကို ဖမ်းခေါ်သွားခဲ့တာလို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အချိန်တော့ အဲဒီ ဖေဖော်ဝါရီ ၂၉ ရက်နေ့ကဖြစ်ပွားတဲ့ မြောက်ဦးတိုက်ပွဲနဲ့ ဆက်စပ်ပြီး သေဆုံးတဲ့ အရပ်သားက ဒီကနေ့ထိ ၉ ဦးရှိပီး ဒီအထဲမှာ ဘူးတလုံးမူဆလင်ရွာသား ၆ ဦး ရခိုင်လူမျိုး ၃ ဦးပါဝင်ပါတယ်။
ပျောက်ဆုံးနေသူ ၁၃ ဦး ရှိပြီး ရခိုင်၇ဦး မူဆလင် ၆ ဦး၊ ဒဏ်ရာရသူ ၁၈ ဦးထိ ရှိတယ်လို့ ရခိုင်မျိုးနွယ်စု အစည်းအရုံး REC ရဲ့ ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
No comments:
Post a Comment