Tuesday, March 3, 2020

ကွတ်ခိုင်မြို့နယ်၊ ဟိုနောင်ကျေးရွာနေ အမျိုးသား တစ်ဦး လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာဖြင့်ဆေးရုံ တက်ရောက်

ကွတ်ခိုင်မြို့နယ်၊ ဟိုနောင်ကျေးရွာနေ အမျိုးသား တစ်ဦး လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာဖြင့်ဆေးရုံ တက်ရောက်
နေပြည်တော်  မတ်  ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပြည်သူ့ဆေးရုံ၌ မတ် ၁ ရက် ည ၉ နာရီခန့်တွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာဖြင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနေကြောင်း သတင်းအရ နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်စိစစ် မေးမြန်းခဲ့သည်။
စိစစ်မေးမြန်းချက်အရ ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့နယ်၊ ဟိုနောင်ကျေးရွာနေ ဦးအိုက်စံ(ဘ) ဦးအိုက်ထန်သည် မတ် ၁ ရက် ညနေ၅ နာရီခန့်တွင် ကျေးရွာ၏ မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာရှိ တောစပ်သို့ ထင်းခုတ်ရန် သွားရောက်စဉ် မည်သူပစ်ခတ်သည်ကို မသိရှိရဘဲ ဝမ်းဗိုက်တွင် လက်နက်ငယ်ကျည် ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့သဖြင့် အော်ဟစ်အကူအညီတောင်းခဲ့ရာ အနီးဝန်းကျင်ရှိ ရွာသားများက မိမိကျေးရွာသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျေးရွာမှတစ်ဆင့် လားရှိုးပြည်သူ့ဆေးရုံသို့ ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment