ရိုဟင်ဂျာအရေး မော်လဒိုက်နိုင်ငံက မြန်မာနိုင်ငံကို ICJ တွင် အစီရင်ခံစာ တင်သွင်း တရားစွဲမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများဘက်မှ ရပ်တည်သည့်အနေဖြင့် မော်လဒိုက်နိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ကြားဖြတ်အစီရင်ခံစာ ရေးသားတင်သွင်း တရားစွဲမည်ဖြစ်ကြောင်း မော်လဒိုက်နိုင်ငံခြားရေးဝန်ကြီး Abdulla Shahid က ယမန်နေ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၄၃ ကြိမ်မြောက် အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသည်။
မော်လဒိုက်နိုင်ငံအနေဖြင့် နာမည်ကျော်ကြားသည့် လူ့အခွင့်အရေး ရှေ့နေ Amal Clooney ကို ၎င်း၏ ရှေ့နေအဖြစ်ငှားရမ်းပြီး ICJ တွင် တရားစွဲဆို အမှုရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ICJ တွင် မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားပြီး ICJ တရားရုံးက ကြားဖြတ်အမိန့် ၄ ချက် ချမှတ်ထားချိန်တွင် မော်လဒိုက်နိုင်ငံက တရားစွဲဆိုမည်ဖြစ်ကြောင်း ထပ်မံ ကြေညာခြင်းဖြစ်သည်။
ဓာတ်ပုံ- လူ့အခွင့်အရေးရှေ့နေ Amal Clooney . Photo Credit - AFP
https://www.facebook.com/khitthitnews/photos/a.386800725090613/860356214401726/?type=3&__xts__%5B0%5D=68.ARDXmzHhg1A8p4HqAyXgDOBFBg1SbAEUomsiXKR5cPVp8FRgjH1iK0mKmNg5KiYOvcKCTphZRxPpJNb7_dGHF0XoSNgRsp1Gu9Jj-762VWN-mxE7B16b1vEtypSjwWM11w4g2-h3TZPfrE5zyol0IW_pnYdhYdfaNwTCW1gpU7IXYFWNNQcKPJ7dcjzr-dA--SPWW7m3zYaj4kVAQspY4oJhEHp0JRDcgoT8ykDbv-FMUrJR_N1L6B0ASpm9zpXw6ZdZxgEB-VXmAJdJgrkx8JSAUZ9MTOrOFSTMliqipB5xn-HrPAHhnRT0-_a7DQo5Vy2R902GPSnYHU2glV7j1yo&__tn__=-R
No comments:
Post a Comment