Wednesday, February 26, 2020

ပလက်ဝမြို့ မီးချောင်းတံတားထိပ်တွင် AA နှင့် တပ်မတော် ၂၀ ရက်မြောက်တိုက်ပွဲပြင်းထန်၊ နှစ်ဖက် အထိအခိုက်အကျအဆုံးရှိဟုဆို

ပလက်ဝမြို့ မီးချောင်းတံတားထိပ်တွင် AA နှင့် တပ်မတော် ၂၀ ရက်မြောက်တိုက်ပွဲပြင်းထန်၊ နှစ်ဖက် အထိအခိုက်အကျအဆုံးရှိဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ရခိုင်တပ်မတော် AA နှင့်တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး နှစ်ဖက် အထိအခိုက်အကျအဆုံးများရှိနေကြောင်း ရခိုင်တပ်မတော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ အမ်းမြို့နယ်တို့ တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပလက်ဝမြို့နယ် မီးချောင်းတံတားထိပ် ဗျူဟာကုန်းတွင် ရက် ၂၀ မြောက်အဖြစ် တိုက်ပွဲများဖြစ်ပွာခဲ့ကြောင်း ခိုင်သုက ပြောဆိုသည်။
"ပလက်ဝမြို့နယ် မီးချောင်းတံတားထိပ်က မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးစခန်း ဗျူဟာကုန်းမှာ ၂၀ ရက်မြောက် အဖြစ် တိုက်ပွဲတွေ ဆက်ရှိ။ အဲဒီစခန်းကို လက်နက်ကြီး ရိက္ခာတွေ ပို့ဖို့ ကြိုးစားနေတဲ့ မြန်မာစစ်တပ်ရဲ့စစ်ကြောင်းတွေနဲ့ ရခိုင်တပ်တော်ရဲ့ ဖြတ်တောက်ရေး စစ်ကြောင်းတွေ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတာတော့ရှိတယ်။ မြေပုံမြို့နယ် စညင်းရွာရဲ့ လေးကီလိုခွဲလောက်အကွာမှာ အဲဒီမှာ ရှိတဲ့ တောင်တန်းမှာ မနက် ၈ နာရီ မှာ တစ်ကြိမ်၊ ၁၀ နာရီ မှာ နောက်တစ်နေရာမှာ တစ်ကြိမ် အဲဒီမှာ တိုက်ပွဲတွေ ၂ ကြိမ် ရှေ့ဆင့် နောက်ဆင့် ဖြစ်တယ်။ ထိုးစစ်ဆင်လာလို့ ဖြစ်တာ။ ရန်သူ့ဘက်က အထိအခိုက်အကျအဆုံးများတယ်။ အသေးစိတ်တော့ အခုထက်ထိ မသိရသေးဘူး။ နောက်တစ်နေရာကတော့ မင်းပြားမြို့နယ် မင်းရွာရဲ့ တောင်ဘက် ပွိုင့် ၁၁၄ တောင်ကုန်းမှာ ရန်သူ့ဘက်က အင်အား ၁၀၀ လောက်နဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်တယ်။ ရန်သူဘက်က ထိခိုက်ကျဆုံးများတယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးမှု ရှိတယ်။ အမ်းမြို့နယ် ဒလက်အနောက်ရွာ အနောက်တောင်ဘက်မှာ တောင်တန်းပေါ်မှာ တိုက်ပွဲဖြစ်တာရှိတယ်" ဟု ခိုင်သုခက ပြောဆိုသည်။
ယနေ့တွင်လည်း ပလက်ဝမြို့နယ်၊မင်းပြား၊ အမ်းမြို့နယ်များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။
တိုက်ပွဲသတင်းများနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ဖုန်းခေါ်ဆိုသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
https://www.facebook.com/khitthitnews/photos/a.386800725090613/860339384403409/?type=3&__xts__%5B0%5D=68.ARA0eMzrWjjbLGguMP0Gfq8TVOoiJ-3y4pSlwas_YAWtNBmQuVOFWVjEl3M7Hnxh2E8Yb4YMlt7NMqS6QicC7sHyYNV9WGJtW_rq3EGe1uxZRp7zYdNwmrYSBjPg8m5eNyKEHGfaG4X62j3nYS4omyp2XY3zTX6IHwiaCJmKbF3mITD7tUQwkFG8kQSaYqL5xfA7Puvf7wMgwZA-lIn-eOlchOuYwtgjsEKsIDq1LF5fGC7VK-1gacoK0pd1ci8wqv_rvlkmZNpQLxr9TaBASWNxZXYWSPlbaejXI4ZSo3vebImAcC56KBfO6YfXLoZrvxWo0TszhJnyKbZOk8MLyZs&__tn__=-R

No comments:

Post a Comment