Wednesday, February 26, 2020

လာအိုပြည်သူ့ တပ်မတော်ယဉ်ကျေးမှုအဖွဲ့ ချစ်ကြည်ရေး ခရီးရောက်ရှိ

နေပြည်တော်  ဖေဖော်ဝါရီ  ၂ဝ
မန်မာ-လာအို တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှု အနုပညာများ ဖလှယ်နိုင်ရန်ရည်ရွယ်၍ လာအိုပြည်သူ့တပ်မတော်မှ Colonel Kham Kheun Leutsavay ဦးဆောင်သော လာအိုပြည်သူ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းညီ၊တပ်မတော် အရာရှိကြီးများနှင့် မြန်မာနိုင်ငံ ဆိုင်ရာလာအိုစစ်သံမှူး Colonel Touy Vilaketh တို့က ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ  လာအိုပြည်သူ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့သည်   မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ချစ်ကြည်ရေး အထိမ်းအမှတ် ယဉ်ကျေးမှု အနုပညာများဖျော်ဖြေခြင်း၊ တန်ခိုးကြီးဘုရားများအား ဖူးမြော် ကြည်ညိုခြင်းနှင့်   အထင်ကရ နေရာများအား  သွားရောက်လေ့လာ လည်ပတ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
(Unicode Version)

No comments:

Post a Comment