Wednesday, February 26, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Chen Hai အား ဖေဖော်ဝါရီ ၂၅၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Senior Colonel Xiong Shaowei နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက တရုတ်နိုင်ငံ၌ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်စေရန် အတွက် မြန်မာ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာပစ္စည်းများ ပေးပို့လှူဒါန်း ပွဲသို့ တက်ရောက်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းခြင်းအတွက် အထူးကျေးဇူးတင်ရှိပါ ကြောင်းဖြင့် ဦးစွာပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသည်ဟု စတင် ကြားသိရကတည်းက စိတ်မကောင်းဖြစ်မိပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် အတွက် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့လှူဒါန်းသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများသည် ပမာဏအားဖြင့် မများသော်လည်း တရုတ်ပြည်သူများအတွက် အသက် အန္တရာယ်ကာကွယ်ရာ၌ အထောက် အကူဖြစ်စေနိုင်ရန် ရည်ရွယ်ပါကြောင်း၊ ယခုကဲ့သို့ အခက်အခဲကြုံတွေ့ နေချိန်တွင် ကူညီခွင့်ရသည့်အတွက်လည်း ဝမ်းမြောက်ပါကြောင်းနှင့် မိမိတို့နိုင်ငံ၌ လည်းကောင်း၊ တပ်မတော် တွင်လည်းကောင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိ ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကို ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်း များကို လျှင်မြန်ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့မြင်ရကြောင်း၊ ကုသရေးတွင် ဆေးရုံ၊ ယာယီ ဆေးရုံများ အချိန်တိုအတွင်း ဆောက်လုပ်ပေးနိုင်ခဲ့ပြီး ဆရာဝန်များ၊ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင် များ၊ နိုင်ငံသားများအားလုံးက အမျိုးသားရေးအသွင်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေသည်ကို တွေ့မြင်ရ ကြောင်း၊ မိမိတို့အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး အမြန်ဆုံးပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိမည်ဟု မျှော်လင့်မိပါကြောင်းဖြင့် ပြောကြားသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
--- --- ---

No comments:

Post a Comment