တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ အောင်မြင်စေရန်အတွက် မြန်မာ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ သွားရောက် ပေးပို့လှူဒါန်း
Posted: February 26, 2020

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ် Coronavirus Disease 2019(COVID-19) ရောဂါအား တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်အောင်မြင်စေရန်နှင့် တရုတ်ပြည်သူများအတွက် မြန်မာ့တပ်မတော်က ဆေးဘက်ဆိုင်ရာပစ္စည်းများအား ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်၍ တပ်မတော် လေယာဉ်ဖြင့် သွားရောက်ပေးပို့လှူဒါန်းရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Chen Hai ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက လိုက်လံ ပို့ဆောင်နှုတ်ဆက်ကြ သည်။
ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Chen Hai တို့သည် နေပြည်တော်လေဆိပ် နားနေဆောင်တွင် ကိုရိုနာဗိုင်းရပ်စ် Coronavirus Disease 2019(COVID-19) အခြေ အနေများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းမှုအခြေအနေများအား အပြန်အလှန် တွေ့ဆုံ ပြောကြားကြသည်။
ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တာဝန်ရှိသူတို့သည် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပြီးနောက် ဆေးဘက် ဆိုင်ရာပစ္စည်းများအား တပ်မတော်လေယာဉ်ပေါ်သို့ တင်ဆောင်၍ နံနက် ၈ နာရီတွင် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော် လေဆိပ်မှ ထွက်ခွာကြသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၁၁ နာရီတွင် ရောက်ရှိကြရာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် Joint Logistic Support Force၊ Guiln Center ၏ နိုင်ငံရေးမှူးဖြစ်သူ Major General Zhang Pingjun နှင့် တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဆေးဘက်ဆိုင်ရာပစ္စည်းများ လွှဲပြောင်းလက်ခံခြင်းစာလွှာနှင့် ဆေးဘက် ဆိုင်ရာပစ္စည်းများအား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက တာဝန်ရှိသူများထံသို့ အသီးသီး စနစ်တကျ လွှဲပြောင်း ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်သည့် အဖွဲ့သည် မြန်မာ့တပ်မတော်လေယာဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ Major General Zhang Pingjun နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်သို့ ညနေ ပိုင်းတွင် ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက် နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်သံမှူး Sr. Col. Xiong Shaowei က လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
အဆိုပါ အမေရိကန်ဒေါ်လာ ၃ သိန်းကျော်တန်ဖိုးရှိ Surgical Masks (2 Ply) ၉၀၀၀၀ ခု Type-N 95(SM Particulate Respirator Masks) ၉၀၀၀၀ ခု၊ SaFety Goggles ၉၀၀၀၀ ခု စသည့်ဆေးဘက်ဆိုင်ရာပစ္စည်းများကို မြန်မာ့တပ်မတော်အနေဖြင့် သွားရောက်လှူဒါန်းရာ နေပြည်တော် လေဆိပ်တွင် ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းမီဒီယာများနှင့် ပြည်တွင်းသတင်းမီဒီယာများ လာရောက် သတင်း ရယူခဲ့ကြကြောင်း သတင်းရရှိသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ အောင်မြင်စေရန်အတွက် မြန်မာ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ သွားရောက် ပေးပို့လှူဒါန်း
--- --- ---

No comments:
Post a Comment