နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို အိန္ဒိယသမ္မတနိုင်ငံ သမ္မတက ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး
နယူးဒေလီ ဖေဖော်ဝါရီ ၂၇
အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ယနေ့တွင် အိန္ဒိယသမ္မတ နိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်က ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်ပြီး အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နရန် ဒရာ မိုဒီနှင့် တွေ့ဆုံဆွေးနွေးကာ နှစ်နိုင်ငံ သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လဲလှယ်ပွဲသို့ တက်ရောက်သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာ အား ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် Taj Palace ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များ နှင့်အတူ အိန္ဒိယသမ္မတနိုင်ငံ သမ္မတအိမ်တော် Rashtrapati Bhawan ၌ ကျင်းပသည့် အိန္ဒိယသမ္မတ နိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်က ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်ကြ သည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပမည့် သမ္မတအိမ်တော် Rashtrapati Bhawan သို့ ရောက်ရှိရာ အိန္ဒိယ သမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နှင့် ဝန်ကြီးချုပ် ရှရီ နရန် ဒရာ မိုဒီ တို့က ရင်းနှီး နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အလေးပြုခံ စင်မြင့်ထက်တွင် နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကာ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်တို့သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။
ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နှင့် ဝန်ကြီးချုပ် ရှရီ နရန် ဒရာ မိုဒီ တို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် မဟတ္တမဂန္ဒီဗိမာန် (Rajghat) သို့ရောက်ရှိရာ မဟတ္တမဂန္ဒီဗိမာန် ကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် မဟတ္တမဂန္ဒီဗိမာန်အတွင်း ပန်းခွေချ ဂါရ၀ပြုခြင်းနှင့် ဂူဗိမာန်ကို လက်ယာရစ်တစ်ပတ်လှည့်ပတ်၍ ကျောက်တိုင်ပေါ်သို့ ပန်းများ ကြဲချ ဆုတောင်းပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မဟတ္တမဂန္ဒီဗိမာန် ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အဖွဲ့ဝင်များနှင့်အတူ နယူးဒေလီ မြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာ(Hyderabad House) သို့ရောက်ရှိရာ အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နရန် ဒရာ မိုဒီ က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နရန် ဒရာ မိုဒီတို့ သည် Hyderabad House ရှိ Nilgiri Room ၌ တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံစဉ် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေ ရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပေါင်းစည်းဆက်နွယ်မှု၊ စွမ်းအင်၊ စိုက်ပျိုးရေးနှင့် ပညာရေးအပါ အဝင် ကဏ္ဍစုံနှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့် တင်သွားရေး၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအား အောင်မြင်စွာ အကောင်အထည်ဖော် သွားရေး၊ မြန်မာလူငယ်များ၏ အင်္ဂလိပ်စာအရည်အချင်း ပိုမို တိုးတက်စေရေးတွက် အိန္ဒိယ နိုင်ငံမှ သင်တန်းများ ထောက်ပံ့ပေးရေး၊ ရခိုင်ပြည်နယ် တွင်လူမှု-စီပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အိန္ဒိယနိုင်ငံမှ ဆက်လက် ကူညီပံ့ပိုးသွားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ရခိုင်ကိစ္စဖြေရှင်းရေးတို့အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်နေမှုများကို အိန္ဒိယနိုင်ငံက ဆက်လက် ထောက်ခံကူညီသွားရေး၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာအဖွဲ့အစည်းနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ပဲစဉ်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့အား အိန္ဒိယနိုင်ငံက မက်ထရစ် တန်ချိန်(၄ ) သိန်းအထိ တိုးမြှင့်ဝယ်ယူသွားရန် နိုင်ငံတော်သမ္မတမှ အိန္ဒိယ ဝန်ကြီးချုပ်အား မေတ္တာရပ်ခံမှုအပေါ် အိန္ဒိယနိုင်ငံဖက်မှ အလေးအနက်ထား စဉ်စားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သူရဦးအောင်ကိုနှင့် ဦးသန့်စင်မောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နရန် ဒရာ မိုဒီတို့သည် Hyderabad House ရှိ Kailash Room ၌ ကျင်းပသည့် နှစ်နိုင်ငံ သဘောတူ စာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လဲလှယ်ပွဲသို့ တက်ရောက်ကြသည်။
အဆိုပါ နှစ်နိုင်ငံ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နရန် ဒရာ မိုဒီတို့ရှေ့မှောက်၌ တရားမဝင် သစ်ကူးသန်းရောင်းဝယ်မှုတိုက်ဖျက်ရေး၊ ကျားနှင့် အခြားတောရိုင်းတိရစ္ဆာန် များထိန်းသိမ်း ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်ဆန်စွာ အကျိုးဖြစ် ထွန်းစေမည့် စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံမှ အကူအညီ ပေးရေးဆိုင်ရာသဘောတူညီချက်၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်အောက်တွင် မြောက်ဦးမြို့နယ်ရှိ ဆေးရုံတွင် စွန့်ပစ်ပစ္စည်းမှ စွမ်း အင်ပြန်လည်ထုတ်ယူနိုင်သောစက်ရုံ တည်ဆောက်ရေးနှင့် ဂွမြို့နယ်တွင် မျိုးစေ့သို လှောင်ရုံများနှင့် ရေပေးဝေရေးစနစ် တည်ဆောက်ရေး ဆိုင်ရာစီမံကိန်းသဘောတူ ညီချက်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် (၅)မြို့နယ်၌ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ စီမံကိန်းသဘောတူညီချက်၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ် အောက်တွင် ဘူးသီးတောင်မြို့နယ်၌ ကျွဲရိုင်း-အိုးဖြူကျေးရွာသွား လမ်းခင်းခြင်းနှင့် ကျောင်းတောင်-ကျွန်းပေါက် ကျေးရွာချင်းဆက်လမ်းအား ကျောက်ချော လမ်းခင်းခြင်းဆိုင်ရာ စီမံကိန်း သဘောတူညီချက်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်တွင် မူလတန်း ကြိုကျောင်းများ ဆောက်လုပ်ရေးဆိုင်ရာ စီမံကိန်းသဘော တူညီချက်၊ ကျန်းမာရေး သုတေသနနယ်ပယ်တွင် မြန်မာဆေးသုတေသနဦးစီးဌာနနှင့် အိန္ဒိယကျန်းမာရေးသု တေသနကောင်စီတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ဆက်သွယ်ရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ရေနံ ထွက်ပစ္စည်းများကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် လူကုန်ကူးခြင်းမှ ကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးခံရသူများအား ကယ်တင်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်လွှဲပြောင်းရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်း ရေးအတွက် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမား၊ အိန္ဒိယနိုင်ငံ Ministry of Petroleum and Natural Gas မှ Joint Secretary Mr.Sunil Kumar နှင့် Bhargava,ICMR မှ Prof (Dr) Balram တို့က အပြန်အလှန် လဲလှယ်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များ နှင့်အတူ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နရန် ဒရာ မိုဒီက Hyderabad House ရှိ Kedar Room ၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက် ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် Hyderabad House ၏ ဧည့်သည် တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ Central Cottage Industries Emporium သို့သွားရောက်ပြီး ခင်းကျင်းပြသ ရောင်းချလျက် ရှိသည့် ရိုးရာယဉ် ကျေးမှု လက်မှုပစ္စည်းများဖြစ်သည့် ပန်းပု၊ ပန်းချီနှင့် လက်ဝတ်ရတနာများ၊ ရွှေထည် ငွေထည်ပစ္စည်းများ၊ အဝတ်အထည်များ၊ လူအသုံးအဆောင် ပစ္စည်းများနှင့် ပရိဘောဂပစ္စည်း များကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နှင့် သမ္မတအိမ်တော် North Drawing Room ၌ တွေ့ဆုံဆွေး နွေးပြီး အဖွဲ့ဝင်များနှင့်အတူ အိန္ဒိယသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့က တည်ခင်းဧည့်ခံ သည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ အိမ်တော် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်များနှင့် အတူ ခေတ္တတည်းခိုမည့် Taj Palace ဟိုတယ်သို့ ရောက်ရှိကာ ညအိပ်ရပ်နားကြသည်။
ယနေ့နံနက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဇနီး ဒေါ်ချိုချိုသည် တာဝန်ရှိ သူများနှင့်အတူ နယူးဒေလီမြို့ရှိ India Gate သို့ သွားရောက်လေ့လာပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့သည်။
No comments:
Post a Comment