Friday, February 28, 2020

မင်းပြားမြို့ တိုက်ပွဲတွင် အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ(ရုပ်/သံ)

မင်းပြားမြို့ တိုက်ပွဲတွင် အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ(ရုပ်/သံ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ ဒီကနေ့နံနက် အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးကျည်ကျရောက်လို့ အရပ်သားတယောက်သေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။
အဲ့ဒီပစ်ခတ်မှုဖြစ်တဲ့နေရာက မင်းပြားမြို့နဲ့ အနီးဆုံးနေရာတခုဖြစ်တဲ့ ကြပ်စင်တံတားအနားမှာဖြစ်ပြီး တပ်မတော်စစ်ရေယာဉ် ၁ စီးလည်းလက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ မီးလောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရန်ကုန်ခေတ်သစ်က တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းပေမယ့် တပ်မတော်ဘက်က တာဝန်ခံဖြေဆိုမယ့်သူမရှိပါဘူး။
မင်းပြားမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံ မေးမြန်းထားပါတယ်။
https://www.facebook.com/khitthitnews/videos/2496791100634143/?__xts__%5B0%5D=68.ARB8s6_kJzrxnBk6xsnXHoGdMV2MRxYJBGiz4F7jzK_6WGQZI7aOxLg_rNdrxzY0PmXLEZ8MOd4xluclKC9e2h9EBsljp-UTem-U_yj10yM5qbjpmndGMhAgQ89qeQtE7BQT2eTAdoTE2zw5kWtx49tQ8fT7oWmBE-BjPVg4oIrx-Gv1hmLm_lFNlaB85lxrFQ5EArh46CZ-oKIz4YA4PA3vvLlqdLdWZvlH1Z9Op349iC6emWnbC1f-5UI8VEFoJUdjdabv2PvnoH_8qOwZmCgTyyiXxaB3npgF9E6cO_FdzzcOrB8c72_AoQcbC-Go3QNTMxiGTbJj1eWN4Ek-DG7QdGYAQrJ0oMs&__tn__=-R

No comments:

Post a Comment