မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးတွင် တပ်မတော်ရေယာဉ် အုပ်စုနှင့်AA တိုက်ပွဲဖြစ်ပွား
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကြပ်စင်တံတားအနီးတွင် ယနေ့ နံနက် ၂ နာရီကျော်ခန့်က တပ်မတော်ရောယာဉ် ၃ စင်းနှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောဆိုသည်။
"မင်းပြားမြို့အနီး ကြပ်စင်တံတားနားမှာ ရေကြောင်းက ချီတက်လာတဲ့ လူ လက်နက် အပြည့်အပါတဲ့ စစ်သင်္ဘော ၃ စီးကို ကျနော်တို့ ရခိုင်တပ်တော်က ၁၀ မိနစ်လောက် ဖြတ်တောက် တိုက်ခိုက်ခဲ့တာရှိတယ်။ တစ်စီးကတော့ အထိအခိုက် အကျအဆုံးများတာပေါ့။ အဲဒီတစ်စီးကိုတော့ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တာရှိတယ်" ဟုခိုင်သုခက ပြောဆိုသည်။
အဆိုပါတိုက်ပွဲအတွင်း မင်းပြားမြို့နယ် မင်းဘာကြီးရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည်ကျရောက်၍ အမျိုးသမီး ၁ ဦးသေဆုံးကာ၊ အရပ်သား ၅ ဦး ဒဏ်ရာရှိခဲ့သည်။
မင်းပြားမြို့နယ်တွင် ယနေ့ နံနက်ပိုင်းဖြစ်ပွားသော သတင်းနှင့်ပတ်သက်၍ တပ်မတော်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။
https://www.facebook.com/khitthitnews/photos/a.386800725090613/861665537604127/?type=3&__xts__%5B0%5D=68.ARC20HHLLIbW2ly4WEboI0ETa_hVxsjl3FfFGKuIkcvvXy5oIGN7K8VxCyUzkhfvTWxrpSC2zPZgNbqsXOww5GuZrxidofLRZxaA-IOZgXKCTobc_G_WaUQ6ptP5mehCzBwBZxVWGcDkCvl70dlKTw_Gwj5D8chJfVu7f-BLgYiOGz0NB1nFtzNzCDT7okCahtmZSbZzlMLJrMIzths45titQWeuW1hUJjQeYsCQprSE7USymqRx-S_x1Z1jeZ3xfiSaDFB0xFg4lYYBlrccuCbsRnoCxnk0EC7MlFeEQ9gDS0G7lGva_PR-mP6CtEtgMM4g7tvXEKVHr85sTApv5lQ&__tn__=-R
No comments:
Post a Comment