တာချီလိတ်တွင် ဗုံးသီးဟောင်းကို တူဖြင့်ထုရိုက်စဉ် ပေါက်ကွဲမှု ဖြစ်ပွား
Posted: February 28, 2020

တာချီလိတ်တွင် ဗုံးသီးဟောင်းကို တူဖြင့်ထုရိုက်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းဖော်ပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်(၃)လမ်းရှိ မိန်းသံတိုသံစ သတ္တုပစ္စည်းဟောင်းများ ရောင်းဝယ်ရေးဆိုင် တွင် အလုပ်လုပ်နေသူ ဒေါ်မိုးအောင်(ဘ) ဦးထွန်းဝင်းသည် ယနေ့နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ဂိုဒေါင်အတွင်းစုပုံထား သော သံတိုသံစသတ္တုဟောင်းများအတွင်းမှ ဗုံးသီးဟောင်း တစ်လုံးအား သတ္တုများထုတ် ယူရန် ဗုံးသီးဟောင်းထိပ်ရှိ သတ္တုအား တူဖြင့်ထုရိုက်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ သဖြင့် ဒေါ်မိုးအောင်တွင် ဗုံးသီးစထိမှန်ဒဏ်ရာ များရရှိခဲ့သည်။
အဆိုပါလူနာအား တာချီလိတ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက် ရှိကြောင်းလည်း သိရသည်။
The Ladies News
တာချီလိတ်တွင် ဗုံးသီးဟောင်းကို တူဖြင့်ထုရိုက်စဉ် ပေါက်ကွဲမှု ဖြစ်ပွား
--- --- ---
တာချီလိတ်တွင် ဗုံးသီးဟောင်းကို တူဖြင့်ထုရိုက်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းဖော်ပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်(၃)လမ်းရှိ မိန်းသံတိုသံစ သတ္တုပစ္စည်းဟောင်းများ ရောင်းဝယ်ရေးဆိုင် တွင် အလုပ်လုပ်နေသူ ဒေါ်မိုးအောင်(ဘ) ဦးထွန်းဝင်းသည် ယနေ့နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ဂိုဒေါင်အတွင်းစုပုံထား သော သံတိုသံစသတ္တုဟောင်းများအတွင်းမှ ဗုံးသီးဟောင်း တစ်လုံးအား သတ္တုများထုတ် ယူရန် ဗုံးသီးဟောင်းထိပ်ရှိ သတ္တုအား တူဖြင့်ထုရိုက်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ သဖြင့် ဒေါ်မိုးအောင်တွင် ဗုံးသီးစထိမှန်ဒဏ်ရာ များရရှိခဲ့သည်။
အဆိုပါလူနာအား တာချီလိတ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက် ရှိကြောင်းလည်း သိရသည်။
No comments:
Post a Comment