ရန်သူသည် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီးနောက် အကျအဆုံးများတိုင်း၎င်းတို့ ပြုလုပ်နေကျလုပ်ရပ်များထဲမှတစ်ခုဖြစ်သော ရခိုင်မြို့ရွာများအား လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။ ထိုသို့ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် မင်းပြားမြို့၊မင်းဘာကြီးရပ်ကွက်အတွင်း၌ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူလူထု (၅) ဦးမှာ လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီးဦးမောင်ထွီး၏ ဇနီး ဒေါ်သန်းနုယေ အသက် (၄၈) နှစ်မှာလက်နက်ကြီးစထိမှန်၍ သေဆုံးခဲ့ကြောင်းသိရှိရသည်။
ရသေ့တောင်မြို့နယ်၊ ရစိုးချောင်းကျေးရွာ၊ တောင်ဖက်၊ မီတာ(၈၀၀) အတွင်း၌လည်း ဖေဖော်ဝါရီလ(၂၈) ရက်၊နံနက်(၇) နာရီ(၃၅) မိနစ်မှစတင်၍တပ်မ(၂၂) လက်အောက်ခံတပ်ရင်းတစ်ခုဟုယူဆရသော အင်အား(၁၅၀)ကျော်ပါစစ်ကြောင်း နှင့် ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ရန်သူသည် ရစိုးချောင်းဗျူဟာ အပါအဝင် အခြား(၁) နေရာမှ လက်နက်ကြီးများဖြင့် နံနက်(၈) နာရီ (၂၇) မိနစ်မှစတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လက်စားချေတုံ့ပြန်သောအားဖြင့် အနည်းဆုံးရန်သူ(၁၀) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။
https://www.arakanarmy.net/post/%E1%81%82%E1%81%80%E1%81%82%E1%81%80-%E1%80%95%E1%80%8A-%E1%80%85-%E1%80%96-%E1%80%96-%E1%80%9D-%E1%80%9B-%E1%80%9C-%E1%81%82%E1%81%88-%E1%80%9B%E1%80%80-%E1%80%9B%E1%80%81-%E1%80%84-%E1%80%95%E1%80%8A-%E1%80%90-%E1%80%80-%E1%80%95-%E1%80%9E%E1%80%90%E1%80%84-%E1%80%99
No comments:
Post a Comment