Sunday, February 2, 2020

AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ တစ်ဦး ဒဏ်ရာရရှိ၊ တစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ချောင်းသစ်ကျေးရွာနေ မောင်ကျော်ကျော်သန်း (ဘ)ဦးငပြူးတောင်နှင့် ဒေါ်မေကြီး(ဘ)ဦးအောင်မြထွန်းတို့ နှစ်ဦးသည် ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ထင်းခုတ်ရန်အတွက် ကျေးရွာမှ ထွက်ခွာလာစဉ် ရွာ၏ကန်ပေါင်သို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲသဖြင့်   မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သူ နှစ်ဦးအား မြောက်ဦးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ မောင်ကျော်ကျော်သန်းသည် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းနှင့် ဒေါ်မေကြီး မှာ လိုအပ်သည့် ဆေးဝါးကုသမှုများ ခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment