Sunday, February 2, 2020

AA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာ အတွင်းသို့ ကျရောက် ပေါက်ကွဲသဖြင့် ကျေးရွာနေပြည်သူများ လက်နက်ကြီးစများ ထိမှန် ဒဏ်ရာရရှိ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းက လုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ပြိန်းတောကျေးရွာ၏ အရှေ့တောင်ဘက်  မီတာ ၁၀၀၀ ခန့် အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ နင်းမိုင်းတစ်လုံးအား   စစ်သည်တစ်ဦးမှ နင်းမိပေါက်ကွဲသဖြင့် ၎င်းစစ်သည်တွင်  မိုင်းစထိမှန် ဒဏ်ရာများ  ရရှိခဲ့သည်။

ထို့နောက် တပ်မတော်စစ်ကြောင်းက လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် အဆိုပါကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၅၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ အင်အား ၁၀ ဦးခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထိုသို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားစဉ် AA အကြမ်းဖက် သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များသည် ၎င်းနေရာ၏ အနောက်မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ ပြိန်းတောကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ကျေးရွာအတွင်းရှိ ဒေါ်မဲခိုင် (ဘ) ဦးလှထွန်းကျော်၊ မောင်အောင်မိုး(ဘ) ဦးသန်းတင်ရွှေနှင့် မောင်ဇော်ခိုင်(ဘ) ဦးသန်းတင်ရွှေတို့ သုံးဦးမှာ   လက်နက်ကြီးစများ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ လက်နက်ကြီးစများ ထိမှန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် နှစ်ဦးတို့အား   လိုအပ်သည့် ဆေးဝါး ကုသမှုများ ခံယူစေလျက်ရှိပြီး  ၎င်းနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက လုံခြုံရေး လုပ်ငန်းများ  ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment