Tuesday, June 1, 2021

 

လှိုင်သာယာမြို့နယ်တွင် တွဲကားမောင်းသမား ၁ ဦးကို စစ်တပ်က ဖမ်းဆီး

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၇) ရပ်ကွက်နေ တွဲကားမောင်းတဲ့ အမျိုးသား တစ်ယောက်ကို  ဇွန် ၁ ရက်နေ့ညပိုင်းမှာ စစ်တပ်က အင်အားသုံးပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  ဒေသခံတွေက  ပြောပါတယ်။

မနေ့ည ၁၁ နာရီကျော်လောက်က အသက် ၄၀ လောက်အရွယ်  အဆိုပါ အမျိုးသားရဲ့ နေအိမ်ကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ပြီး နေအိမ်ရှိ ဖုန်းတွေကိုပါ  ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ အမျိုးသားဟာ ခရီးရှည်ထွက်ပြီး  ပြန်လည်ရောက်ရှိလာချိန်မှာ သတင်းပေးတိုင်ကြားခံရတာကြောင့် စွပ်စွဲဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

လှိုင်သာယာမြို့နယ်မှာ လူမသိသူမသိ တိတ်တဆိတ် ပုံစံမျိုးစုံနဲ့ ဖမ်းဆီးခံရမှုတွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

http://burmese.dvb.no/archives/467581

No comments:

Post a Comment