Tuesday, June 1, 2021

 

ယင်းမာပင်မြို့ အ. ထ.က ကျောင်းဝင်းအတွင်း ဗုံး​​ပေါက်ကွဲ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အ​ခြေခံပညာအထက်တန်း​ကျောင်းဝင်းအတွင်း ဒီ​ကနေ့ မနက် ဇွန် ၂ ရက် မနက်  ၁၀ နာရီလောက်က  ဗုံး​ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

​ပေါက်ကွဲမှုဖြစ်ပြီးနောက်  စစ်​ကောင်စီအဖွဲ့ အင်အား ၂၀ ဝန်းကျင်​ရောက်လာပြီး စစ်​ဆေးနေပါတယ်။ ယင်းမာပင်မြို့နယ်အတွင်းမှာ ဇွန်လ ၂ ရက်​နေ့ မနက်ပိုင်းမှာတင် ဗုံး​ပေါက်ကွဲမှု  ၂ ​နေရာ ဖြစ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာ အခြေခံပညာ စာသင်​ကျောင်း​ပေါင်း ၁၃၅ ​ကျောင်းရှိတဲ့အထဲက ​အားလုံးနီးပါး ကျောင်းဖွင့်နိုင်တဲ့ အ​နေအထား မရှိ​သေးဘူးလို့ သိရပါတယ်။

http://burmese.dvb.no/archives/467592

No comments:

Post a Comment