လွိုင်ကော် အကျဥ်းထောင်မှ ၁၁ ဦး လွတ်မြောက်
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုခံရသူတွေထဲက ၁၁ ဦး ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်ကနေ ဒီနေ့ လွတ်မြောက်လာပါတယ်။
ပြီးခဲ့တဲ့မေလ ၁၁ ရက်နေ့က လွိုင်ကော်မြို့ နာနတ်တောရပ်ကွက် ဆန္ဒပြပွဲမှာ ဖမ်းဆီးခဲ့ရတဲ့အမျိုးသမီး ၆ ဦးထဲက ၅ ဦး ဒီကနေ့ လွတ်မြောက်လာပါတယ်။
အလားတူ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြလို့ ဖမ်းဆီးခံခဲ့ရတဲ့ မင်းစုရပ်ကွက်က အမျိုး သမီး ၂ ဦး၊ အမျိုးသား ၁ ဦး၊ ဖရူဆိုမြို့နယ်က အမျိုးသား ၁ ဦး စုစုပေါင်း ၁၁ ဦး လွတ်မြောက်လာတာပါ။
နိုင်ငံအဝှမ်း ထောင်အသီးသီးမှာ ဖမ်းဆီးခံထားရသူ ၂ ထောင်ကျော် ဒီကနေ့ လွတ်မြောက်မယ်လို့ သိရပါတယ်။
http://burmese.dvb.no/archives/472649
No comments:
Post a Comment