ယင်းမာပင်မြို့နယ် သီးကုန်းကျေးရွာတွင် ဒလန် ၂ ဦး အသတ်ခံရ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သီးကုန်းကျေးရွာမှာ သတင်ပေး ဒလန် အမည်ထွက်နေသူ ကိုငမင်းနဲ့ ကိုမြင့်လှိုင် ၂ ဦး ဇွန် ၃၀ ရက်နေ့က အသတ်ခံရတယ်လို့ သိရပါတယ်။
သူတို့ ၂ ဦးဟာ ယင်းမာပင်မြို့နယ် ကပိုင်ရဲစခန်းမှူးကို ကျေးရွာအတွင်း ဆန္ဒပြသူတွေရှိကြောင်း သွားရောက်သတင်းပေးသူတွေဖြစ်ကြောင်း၊ ခြောက်စား မြှောက်စား ပွဲစားလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မုံရွာ-ကလေးလမ်းမကြီး ၂၆ မိုင်အကွာမှာ သတ်ဖြတ်ခံရတယ်၊ ဘယ်သူသတ်တယ်ဆိုမသိဘူး၊ သူတို့၂ဦး၏ရုပ်အလောင်းကို သဂြိုဟ်ပေးမယ့်သူ မရှိလို့ ဒေသခံတွေက မီးရှို့သဂြိုဟ်ပေးခဲ့တယ်။”
သူတို့နှစ်ဦးကို ဘယ်အဖွဲ့၊ ဘယ်သူ သတ်သွားတယ်ဆိုတာတော့ မသိရဘူးလို့ ဒေသခံက ဆိုပါတယ်။
http://burmese.dvb.no/archives/472638
No comments:
Post a Comment