Tuesday, June 1, 2021

 

ကျောက်ပန်းတောင်းတွင် ဗုံး၃ လုံးဆက်တိုက်ပေါက်ကွဲ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့မှာ မေလ ၃၁ ရက် ညပိုင်းက ဗုံး ၃ လုံးဆက်တိုက် ပေါက်ကွဲပြီး  ပျက်စီးဆုံးရှုံးမှုတချို့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက နေသိရပါတယ်။

ကျောက်ပန်းတောင်းမြို့မှာ မေလ ၃၁ ရက် ည ၇ နာရီကျော်လောက်က EPC လျှပ်စစ်ရုံးနဲ့ ကြံ့ခိုင်ရေးပါတီရုံးနီးမှာ ဗုံးတစ်လုံး၊ မြို့ပတ်လမ်းဟောင်းအနီးက ဦးကြည်စိန် နေအိမ်မှာ တစ်လုံးနဲ့ အ.ထ.က (၁) ကျောင်းနားက  ပြန်/ဆက်ရုံးရှေ့မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် EPC ရုံးက မီတာဆောင်တဲ့ အဆောက်အဦငယ်တစ်ခု အနည်းငယ်ပျက်စီးခဲ့သလို ဦးကြည်စိန်ရဲ့ကားအနည်းငယ်ပျက်စီးသွားခဲ့ကာ ပြန်/ဆက်ရုံးမှာတော့  ထိခိုက်ပျက်စီးမှု မရှိဘူးလို့ဆိုပါတယ်။

ကျောက်ပန်းတောင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီက ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီးတော့ ညဘက်တွေမှာ မကြာခဏ ဗုံးပေါက်ကွဲနေတာကြောင့် စစ်အုပ်စုရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

http://burmese.dvb.no/archives/467416

No comments:

Post a Comment