အာဏာသိမ်းကောင်စီက အမျိုးသမီးများအပေါ် လိင်ဆိုင်ရာ စော်ကားမှုများ ကျူးလွန်
သတင်းနှင့် မီီဒယာ ကွန်ရက်
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်။
အာဏာသိမ်းစစ်ကောင်စီက အမျိုးသမီးများအပေါ်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ကျူးလွန်နေသည်ဟု ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီးအချို့ကို ရိုက်နှက်နှိပ်စက်သည့်အပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဖြစ်သည့် အဓမ္မပြုကျင့်ခံရသည့် အမှုနှင့် ပတ်သက်သည့် အချက်အလက်အချို့လည်း ကောက်ခံရထားသည်ဟု အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန (NUG) ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ပြော သည်။
“မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသမီးတွေအပေါ် စစ်ဆေးမေးမြန်းရာတွင်လည်း နှုတ်အားဖြင့် အကြမ်းဖက်ခြင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း ပြင်းထန်စွာ ဒဏ်ရာအနာတရ ဖြစ်စေအောင် ရိုက်နှက် ခြင်း ထိုသို့ ရိုက်နှက်သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကြောင့် အမျိုးသမီးတစ်ဦးပင် ကိုယ်ဝန်ပျက်ကျ သည့်အထိ ဖြစ်ခဲ့ရကြောင်း သိခဲ့ရပါတယ်။ နောက်ထပ်တိုင်ကြားစာတစ်ခုထဲမှာလည်း မတရား ဖမ်းဆီးခံ ထား ရတဲ့ အမျိုးသမီးငယ် တစ်ဦးကို စစ်ဆေးရာနေရာမှာပင် မုဒိမ်းပြုကျင့်ပြီးတော့ အခြားဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အတင်းအဓမ္မ ကပြဖျော်ဖြေခိုင်းခြင်း ဖြစ်ကြောင်းကိုလည်း သိ ရှိခဲ့ရပါတယ်။”
စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အမျိုးသမီးများအပေါ် မုဒိန်းကျင့်ခြင်း၊ နှုတ်အားဖြင့်သော်လည်းကောင်း လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်ခြင်းများကို ကျူးလွန်နေသည့်အပြင် ၎င်းတို့၏ ရိုက်နှက်မှုကြောင့် ကိုယ်ဝန်ပျက်ကျခဲ့သည့် အမျိုးသမီးတစ်ဦးလည်း ရှိသည်ဟု ပြောသည်။
ထို့အပြင် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်း ကလည်း “ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေက သာမန်နှိပ်စက်တာမကပဲနဲ့ အမျိုးသမီး တွေရဲ့ လိင်ပိုင်းဆိုင်ရာ အိနြေသိက္ခာ ထိပါးလောက် တဲ့ ပုံစံမျိုး ဆက်ဆံမှုမျိုး ပြောဆိုမှု နှိမ့်စက်မှု ဖြစ်တယ်ဆို တဲ့ အချက်အလက်တွေ ကျနော်တို့ အများကြီး ရထားပြီးပါပြီ။ ဒါက အမျိုးသမီးကိစ္စတွေပေါ့။ ပိုမိုဆိုးဝါးတာ ကတော့ မသေမချင်းနှိပ်စက်မှု ဒါတွေက စုစု ပေါင်း ကိစ္စပေါင်း ကျနော်တို့ ၃၂ လောက်ရရှိထားပြီ” ဟု ပြော သည်။
ဒါ့အပြင် အခြား သေစေလောက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြားကိုလည်း ကျူးလွန်ခဲ့သည်ဟု NUG က ပြောသည်။
NUG က ရရှိထားသည့် မသေမချင်းနှိပ်စက်မှုထဲတွင် “နောက်ဆုံးဖြစ်သွားတဲ့ ကိစ္စကတော့ ကျနော်တို့ ဒီမှာ ၈၈ ကျောင်းသားတွေပါတဲ့အတွက် ကျနော်တို့ သေဘောဘိုစခန်းက တပ်ရင်းဗိုလ် ကိုစိုးမိုးလှိုင် ဆိုလို့ရှိရင် ကျန်း ကျန်းမာမာနဲ့ ဖမ်းသွားတဲ့ ဒါပေမယ့် နောက်တစ်နေ့မှာ သေဆုံးသွားပြီးတော့ နှိပ်စက်တဲ့အရာမျိုးဖြစ်လာတယ်။ စုဖောင်ဒေးရှင်းက ဆရာ ဆိုလို့ရှိရင် နောက်တစ်နေ့မှာ မမှတ်မိလောက်တဲ့ ပုံစံမျိုးနဲ့ ရုပ်ပျက်ဆင်းပျက် ရောက် ရှိလာတယ်။ ဒါတွေကို ကြည့် ခြင်းအားဖြင့် မတရားနှိပ်စက်ညှင်းပမ်းခြင်း အရာတွေဖြစ်တယ်။ ဒါတွေက တော် တော် ဆိုးဆိုးဝါးဝါး ဖြစ်လာပါပြီ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်း က ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်အာဏာရှင်ဆန့်ကျင်သည့် လူငယ်များနှင့် ပြည်သူများကို ကနဦးတွင် ဆန္ဒပြပွဲ များကိုတားဆီးချင်သည့် လမ်းပေါ်မထွက်ရဲအောင် ခြိမ်းခြောက်မှုများကို ပြုလုပ်ခဲ့ပြီးနောက် အဆင့်ဆင့်တက်ကာ ဖမ်းဆီးရိုက်နှိပ်စက်ခြင်း၊ ရာဘာကျည်များဖြင့် ပစ်ခတ်ရာမှာ ကျည်အစစ်များအသုံးပြုခြင်း၊ Sniper လက် ဖြောင့်သေနတ်သမားများဖြင့် ဆန္ဒပြပြည်သူများကို သေစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းများကို ချိန်ပြီးပစ်ခြင်းများ ကျူးလွန်ခဲ့သည်။
ထို့နောက်တွင် ဖမ်းဆီးစစ်ဆေးရာတွင် မသေမချင်းနှိပ်စက်ခြင်း၊ အိမ်များထဲသို့ ကျည်အစစ်များဖြင့် ပစ်ခတ်ခြင်း များမှသည် ယခုအခါ တိုင်းရင်းသားဒေသများတွင် ပြည်သူများနေထိုင်သည့် ကျေးရွာများနှင့် ရပ်ကွက်များထဲသို့ လေယာဉ်များဖြင့် ဗုံးကြဲခြင်းများကိုပါ ကျူးလွန်လာခဲ့သည်ဟု NUG က ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ မေလ ၁၅ ရက်နေ့အတွင်း အသက် ၁၈ အောက် ကလေးငယ် စုစုပေါင်း ၇၃ ဦး သည် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည်ဟု NUG က ပြောသည်။
“လမ်းပေါ်မှာ ပစ်ရုံတင်မကပဲနဲ့ ခေါင်းကိုရည်ရွယ်ပြီး ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် လူငယ်တွေ သေဆုံး ခဲ့ရ တယ်။ တချိန်တည်းမှာ နောက်ပိုင်းမှာလည်း ဘာဖြစ်လဲဆိုတော့ အိမ်ထဲအထိဝင်ပြီးတော့ ပုန်းနေတဲ့သူတွေ ကို ရှာဖွေပြီးတော့ ဖမ်းဆီးတာ၊ သွေးအေးအေးနဲ့ မိသားစုတွေရှေ့မှာ သတ်ဖြတ်တာ၊ ဒီကြားထဲမှာ ပိုမိုပြီးတော့ ဝမ်းနည်းစရာကောင်းတာကတော့ အသက် ၅ နှစ်အရွယ် ကလေးတွေက အစ ခေါင်းကို ချိန်တွယ်ပြီးတော့ သတ် ဖြတ်ခံထိတဲ့ မခင်မျိုးချစ်လို အသက် ၅ နှစ် ၆ နှစ် အရွယ် ကလေး မိဘရဲ့ ရင်ခွင်ထဲမှာ သတ်ခံထိတဲ့ ကိစ္စ မျိုးက တော်တော်ကြီးကို ဆိုးဆိုးရွားရွားဖြစ်သွားပါတယ်။ ဒါကတော့ သတ်ဖြတ်မှုဆိုတဲ့ အဆင့်ကို ရောက် ပါတယ်” ဟု ဦးအောင်မျိုးမင်း က ပြောသည်။
စစ်ကောင်စီ၏ လူထုအပေါ် ကျူးလွန်မှုများက ပိုပိုဆိုးရွားလာသည်ဟု မေလ ၃၀ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား တွန်းလှန်ခြင်း စကားဝိုင်းတွင် အဆိုပါဝန်ကြီးများက ပြော ဆိုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းယူခဲ့သည့် နေ့မှ မေလ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၈၄၀ ဦး၊ ဖမ်းဆီးခံထားရသူ ၄၄၂၄ ဦးနှင့် ဖမ်းဝရမ်း ထုတ်ခံရသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသူ ၁၈၈၁ ဦး ရှိသည်ဟု သိရသည်။
http://www.nmg-news.com/2021/06/01/13890
No comments:
Post a Comment