ကရင်ဒုက္ခသည် ၄၀၀ ခန့် ထိုင်းနိုင်ငံသို့ ထွက်ပြေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်။
နယ်စပ်အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ၄၀၀ ကျော် ထိုင်းနိုင်ငံသို့ စစ်ဘေးရှောင်နေရပြီး အစားအသောက်နှင့် အကူအညီများ လိုအပ်နေသည်ဟု KNU ကပြောသည်။
ဇွန်လ ၁ ရက်နေ့ (ယနေ့) နေလည်ပိုင်းက ဗိုလ်ကျော်သက် ဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့နှင့် ဗိုလ်မုတ်သုန် ဦးဆောင်သည့် BGF ၁၀၂၂ တပ်ခွဲတို့ အကြား ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာအနီးတွင် တိုက်ပွဲဖြစ် ပွားသည့်အတွက် ဒေသခံများက ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်၏ သတင်းထုတ် ပြန် ချက် အရ သိရသည်။
ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများမှာ အစားအသောက်နှင့် အခြေခံ လူအသုံးအဆောင်ပစ္စည်းများ လိုအပ်နေ သည်ဟု ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကား၍ KNU ဒူးပလာယာခရိုင်က ဆိုသည်။
“တချို့ကျတော့ ထိုင်းဘက် အမျိုးအိမ်ရောက်နေတယ်။ သောင်ရင်းမြစ်ကို ဒီတိုင်းပဲဖြတ်ကူးလာတာ။ ရေက ရင်ဘတ်လောက်ထိ ရောက်တာပေါ့။ အဲ့ဒါကြောင့် တချို့က ဘာမှသယ်မရဘူး။ ဟိုဘက်ရောက်တော့ ထိုင်း စစ် သားတွေလာပြီး ကျန်းမာရေးစစ်ဆေးမှုတွေ mask ဝေပေးတာတွေ လုပ်ပေးနေတယ်။ အစားအသောက် အဝတ် အထည် နေရာထိုင်ခင်း အကူညီလိုအပ်တာပေါ့။ အခု သူတို့နေတာ နွားတင်းကုပ် ထဲမှာ စုနေရတာလေ။ ဖလူး လေး ဖလူးကြီးရွာသူရွာသားတွေပေါ့” ဟု ဒူးပလာယာခရိုင်၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဒေသခံ၏ ပြောဆို ချက်ကို ဖော်ပြထားသည်။
လက်ရှိတွင် ဖလူးဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။ ယနေ့တိုက်ပွဲတွင် စစ်ကောင် စီ ဖက်က လေးဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက် အရ သိရ သည်။
ထို့အပြင် ဇွန်လ ၁ ရက်နေ့ (ယနေ့) တွင် ကရင်ပြည်နယ် ဖာပွန်(မူတြော်) မြို့နယ်ရှိ ကူးဆိပ်နှင့် မထောကျေးရွာ ကြားတွင် စစ်ကောင်စီတပ်များနှင့် KNU တပ်မဟာ ၅ တို့အကြား မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီဖက်မှ ၅ ဦးသေဆုံးခဲ့သည်ဟု KNU ပြန်ကြားရေးဌာန သူလေးသတင်း၏ သတင်းထုတ်ပြန် ထားသည်။
လက်ရှိတွင် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် စစ်ကောင်စီတပ်တို့အကြားက တိုက်ပွဲများကြောင့် ဒေသခံ သောင်းချီ စစ်ဘေးလွတ်ရာ တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသကဲ့သို့ အချို့မှာ ထိုင်းနိုင်ငံ ဖက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။
ထွက်ပြေးတိမ်းရှောင်သူများအတွက် လက်ရှိတွင် အစားအသောက်နှင့် အခြေခံ အသုံးအဆောင်များဖြစ်သည့် အဝတ်အစား၊ စောင်၊ မိုးကာ၊ ခြင်ထောင်များအပြင် ဆေးဝါးများလည်း အရေးအပေါ် လိုအပ်နေသည်ဟု စစ် ဘေးရှောင်များကို ကူညီပေးနေသူများက ပြောဆိုထားသည်။
http://www.nmg-news.com/2021/06/01/13904
No comments:
Post a Comment