ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြသူတွေ ခိုလှုံနေကြရတဲ့နေရာတွေမှာ ဝမ်းရောဂါဖြစ်သူတွေ ရှိနေပါတယ်။ ဒုက္ခသည် ၄၀,၀၀၀ လောက် ခိုလှုံနေကြတဲ့နေရာမှာ သောက်သုံးရေ ရှားပါးတာ၊ အိမ်သာအလုံအလောက်မရှိတာကြောင့် ဝမ်းရောဂါတွေဖြစ်နေကြတာပါ။ ကယားပြည်နယ်ဘက်က စစ်ဘေးဒုက္ခသည်တွေရဲ့ အခက်အခဲနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူကပြောပြပါတယ်။
ကယားပြည်နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား မေလ ၂၁ ရက်နေ့မှာ တိုက်ပွဲတွေ စတင်ခဲ့ပြီးနောက် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ရှမ်း-ကယားပြည်နယ်အစပ်က မိုးဗြဲမြို့နယ်တို့က စစ်ဘေးလွတ်ရာ ထွက်ပြေးနေသူ ၇၀,၀၀၀ လောက်ရှိနေပါတယ်။ အဲဒီထဲက ၄၀,၀၀၀ လောက်ဟာ ဒီမော့ဆိုမြို့နားက ရှစ်မိုင်လောက်ရှည်လျားတဲ့ တောင်ကြောတလျှောက်မှာ ယာယီတဲတွေ ထိုးပြီး ခက်ခက်ခဲခဲ နေနေကြရပါတယ်။
အဲဒီလို ယာယီခိုလှုံနေကြရတဲ့နေရာတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေး မရှိတာ၊ အိမ်သာမရှိတာတွေကြောင့် ဝမ်းနဲ့ပက်သက်တဲ့ ရောဂါတွေ ဖြစ်နေကြတယ်လို့ ဒုက္ခသည်တွေအရေး ဦးဆောင် စီစဉ်ပေးနေတဲ့ ဦးပလန်က ပြောပါတယ်။
“အိမ်သာ ကောင်းကောင်း ဆောက်ပေးဖို့ပေါ့နော်... ဆိုတော့ သူတို့ဟာက ကြုံတဲ့နေရာ သွားကြတယ်။ ဒါကြောင့်မို့ ဒီဘက် (ဝမ်းရောဂါ) စဖြစ်တယ်လို့ ကျနော်ယူဆတယ်။ ဒီဘက်နေရာနဲ့ ရေကန်နဲ့က အဲဒီအနားတဝိုက်က လူလည်း ဖြစ်နေတာလေ။”
ဒုက္ခသည်တွေ ယာယီခိုလှုံနေကြတဲ့ နေရာတွေဆီ နောက်ထပ်ရောက်လာသူတွေလည်း အခုထိ ရှိနေပါတယ်။
“အခုအချိန်အထိ စာရင်းလိုက်ပြုစုတာ မပြီးနိုင်သေးဘူး၊ လာဖြစ်လို့လဲဆိုတော့ မနေ့ကမှ စပြီးထွက်လာသူလည်း ရှိတယ်။ တဲထိုးနေတဲ့သူက ခန့်မှန်းခြေ ၃၀,၀၀၀ လောက်ရှိမယ်။ နောက်ရွာထဲမှာက ခန့်မှန်းတာက ၄၀,၀၀၀ ကျော်၊ ၅၀,၀၀၀ လောက်ရှိမယ်။ ဒီးမော့ဆိုလည်း ကုန်သလောက်ရှိပြီ။ လွိုင်ကော်လည်း ဒီဘက် အများကြီးတက်လာပြီ။ မနေ့ကနဲ့ သန်ဘက်ခါ အများစုက လွိုင်ကော်။”
မိုးကာလရောက်လာပြီမို့ ဖြစ်တတ်တဲ့ ဝမ်းရောဂါအပါအဝင် တခြားကူးစက်ရောဂါတွေကို ကာကွယ်ဖို့ ယာယီခိုလှုံရေးစခန်းကို ကြီးကြပ်နေသူ ခွန်ကြယ်နီက ပြောပါတယ်။
“ဒီတရက်၊ နှစ်ရက် ထပ်တိုးလာတဲ့ဟာ အတိအကျစာရင်း ပြန်လုပ်မယ်ဆိုရင်တော့ ၄၀,၀၀၀ ကျော်မယ်။ အဓိကတော့ ရေပြဿနာပေါ့နော်။ ပထမဆုံး ရောက်လာတော့ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းရောဂါ မဖြစ်အောင်ဆိုပြီးမှ အိမ်သာခွက်တွေ လာပေးကြတာပေါ့နော်။ ရေရှိမှပဲ ခုဏကပြောတဲ့ အိမ်သာတွေ ကျနော်တို့ စနစ်တကျ ပြန်လုပ်လို့ရမှာပေါ့နော်။ အပေါ့သွား၊ အလေးသွား အဆင်မပြေတာရယ်၊ အခုတော့ ရာသီဥတု အပြောင်းအလဲလေနော် မိုးကာလလည်း ကျနေပြီဆိုတော့ ကလေးတွေဖြစ်တဲ့ ရောဂါတွေ၊ လူကြီးတချို့ ဖြစ်ကြတဲ့ ရောဂါတွေက ဖြစ်သွားတာတော့ ရှိတယ်။”
တောင်ကြောတလေ ျှာက် ခိုလှုံနေကြရသူတွေအတွက် မိုးကာဖို့ ပလပ်စတစ် ဖျင်စတွေ၊ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ သူကပြောပါတယ်။ ကယားပြည်နယ်မှာ တိုက်ပွဲတွေ စဖြစ်ထဲက မော်တော်ယာဉ်အဝင်အထွက်ကို စစ်တပ်က ထိန်းချုပ်ထားသလို လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ လုံခြုံရေး အခြေအနေတွေကြောင့် ဒုက္ခသည်တွေဆီ အကူအညီရောက်ရှိနိုင်ဖို့ ခက်ခဲနေပါတယ်။
ကယားပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်ပစ် နေရပ်စွန့် ထွက်ပြေးနေရတဲ့ ပြည်တွင်းဒုက္ခသည် ၃၇,၀၀၀ လောက် အပါအဝင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ နေရပ်စွန့် ထွက်ပြေးနေရသူ ၄၆,၀၀၀ လောက်ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အထောက်အကူပေးရေး ညှိနှိုင်းမှုအဖွဲ့OCHA က မေလ ၂၇ ရက်မှာထုတ်ပြန်တဲ့ မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီးမော့ဆို စစ်ရှောင်စခန်းမှာ ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွား (voanews.com)
No comments:
Post a Comment