ရိုဟင်ဂျာဆိုင်ရာမူဝါဒ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်
NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုင်ရာမူဝါဒသစ် ကြေညာရာမှာ သူတို့အတွက် နိုင်ငံသားဖြစ်ရေး ခက်ခဲစေတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းပြင်ဆင်ဖို့ရှိကြောင်း ထည့်ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ အဓိကပါတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ ဖွဲ့ပေးခဲ့တဲ့ NUG အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေရေးပြီး အခုလိုလုပ်မှသာ ရိုဟင်ဂျာအရေး အထောက်အကူပြုဖို့ ယုံကြည်တယ်လို့ ဒီနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အခုလို ဖြစ်ပေါ်လာမဲ့ နိုင်ငံသားဖြစ်ရေး ဥပဒေသစ်အောက်မှာ မြန်မာနိုင်ငံသားမိဘတွေက မွေးသူဖြစ်ရင် မြန်မာနိုင်ငံထဲ မွေးတာ၊ မမွေးတာအပေါ် မူမတည်ဘဲ နိုင်ငံသားဖြစ်ခွင့်ရှိနိုင်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီ ကြေညာချက်ထဲမှာ “ဥပဒေသစ်အရ မြန်မာနိုင်ငံသားဖြစ်မှုသည် မြန်မာနိုင်ငံတွင်းမွေးဖွားခြင်း သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသူဖြစ်ခြင်းကို အခြေခံစေရမည်။” လို့ အတိအကျ ရေးသားထားပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာအပြင် အခြားလူမျိုးတွေအပေါ်မှာပါ လူ့အခွင့်အရေး ချိုးဖောက်စေနိုင်တဲ့၊ နိုင်ငံသားစိစစ်ရေးကဒ် ပြဌာန်းလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပယ်ဖျက်သွားမယ်လို့ ဆက်ဖော်ပြထားပါတယ်။
အရင် ရွေးကောက်ခံ မြန်မာအစိုးရကရော၊ ဒီအစိုးရလက်ထဲကနေ အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီကပါ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်ခံမထားပါဘူး။
ရိုဟင်ဂျာဆိုင်ရာမူဝါဒ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန် (voanews.com)

No comments:
Post a Comment