Saturday, May 1, 2021

RCSS တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တို့အကြားဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒီမနက်ပိုင်း မန်လီကျေးရွာနေ အိမ်တစ်လုံး ထပ်မံမီးလောင်

 RCSS တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တို့အကြားဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒီမနက်ပိုင်း မန်လီကျေးရွာနေ အိမ်တစ်လုံး ထပ်မံမီးလောင်

နမ္မတူ | မားနဂါး | မေလ ၂ ရက် | ၂၀၂၁ခုနှစ် ။
ဒီကနေ့ မေလ ၂ရက်နေ့ မနက် ၈နာရီအချိန်မှာ နမ္မတူမြို့နယ် ချောင်းဆာအုပ်စု မန်လီကျေးရွာထဲမှာ ပူပေါင်းတပ်ဖွဲ့ဖြစ်တဲ့ TNLA | SSPP နဲ့ RCSS တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒေသခံနေအိမ်တစ်လုံး ထပ်မံမီးလောင်းသွားတယ်လို့ မန်လီ ဒေသခံတစ်ဦး က မားနဂါးသတင်းဌာနကိုပြောပါတယ် ။
RCSS တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိပ်တိုက် တိုက်ပွဲဖြစ်ပွားပြီး မန်လီကျေးရွာဘုန်းကြီးကျောင်း အရှေ့ရှိ ဒေသခံနေအိမ်တစ်လုံး မီးလောင်သွားတာဖြစ်ပါတယ်။
လက်ရှိချိန်မှာတော့ ကျေးရွာသူ\သားတွေက သီပေါမြို့ဘက်သို့ ရွေ့ပြောင်းတိမ်းရှောင်သွားတယ်လို့သိရပြီး ရဟန်းသံဃာတော်တွေက နမ္မတူမြို့နယ်ထဲတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် ဒေသခံနေအိမ် မီးလောင်သွားတာနဲ့ပတ်သက်ပြီး မန်လီဒေသခံတစ်ဦးပြောပြချက်အရ
“ရွာထဲမှာ တိုက်ပွဲဖြစ်တာပါ၊ RCSS တပ်ဖွဲ့တွေက မနေ့ညကတည်းက ရွာထဲဝင်နေတာဖြစ်တယ်။ တိုက်ပွဲဖြစ်ပွား သော်လည်း ကျေးရွာသူ\သားတွေအားလုံး တိမ်းရှောင်နေရတာကြောင့် ထိခိုက်သူတွေမရှိသေးဘူး။ အခုတိုက်ပွဲ ဖြစ်တုန်းပဲ နေအိမ်မီးလောင်သွားတာ သူတို့မီးရှို့တာလား၊ လက်နက်ကျပြီး မီးလောင်သွား တာလားတော့ အတိ အကျမသိရသေးဘူး။ ” လို့ မားနဂါးသတင်းဌာနကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူတွေရဲ့ အိုးအိမ်တွေပျက်စီးပြီး ပြည်သူတွေရဲ့ လုံခြုံရေးကိုပါထိခိုက်တာ တွေကြောင့် ယခုလိုအဖြစ်မျိုးကို နောက်ထပ် မဖြစ်စေချင်တော့ဘူးလို့ အဓိကတောင်းဆိုချင်ပါတယ်လို့လည်း သူကဆက်လက်ပြောဆိုခဲ့ပါတယ်။
တိုက်ပွဲကြောင့် မန်လီကျေးရွာခံနေအိမ် မီးလောင်သွားတာဟာ ဒီကနေ့နဲ့ဆို နေအိမ် စုစုပေါင်း ၆ အိမ်မီးလောင်ဆုံး ရှုံးသွားတာဖြစ်ပြီး ကျေးရွာသားတွေလည်း လက်ရှိအချိန်ထိ တိုက်ပွဲရှောင်အဖြစ် တိမ်းရှောင်နေရဆဲဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ဧပြီလမှာဆိုရင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နဲ့ တပ်ပေါင်းစုဖြစ်တဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရှမ်းပြည်တိုးတတ်ရေးပါတီ(SSPP) တို့အကြား တိုက်ပွဲဖြစ်ပွား တာကြောင့် နမ္မတူမြို့နယ် ပန်လုံအုပ်စုနဲ့ ချောင်းဆာမန်ကျန်း၊ချောင်းဆာ၊ မန်လီကျေးရွာ၊ မန်ဆာကျေးရွာရှိ နေအိမ် (၆၃)အိမ်မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4495976073764916?__cft__[0]=AZWKuLaWJ8VXz1crUWLqtVkT7eRWlw13XRbJ0rnH_ltvH-sQXMeFMVsew4Tt7SApoOxPgEOzLZ0v7cb0XwxlZjee_YmblgAkxcsXxqiEMrEjlMfDLTU7Ocmc9rP6XU9_o1UPTjV_WBgafIVQbq6kv602&__tn__=%2CO%2CP-R

No comments:

Post a Comment