Saturday, May 1, 2021

သီပေါမြို့ဆန္ဒပြလှုပ်ရှားနေကြတဲ့လူထုတွေကို ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့မှဖြိုခွဲရာမှာ လူငယ်တစ်ဦးကျဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိ

 သီပေါမြို့ဆန္ဒပြလှုပ်ရှားနေကြတဲ့လူထုတွေကို ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့မှဖြိုခွဲရာမှာ လူငယ်တစ်ဦးကျဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိ

သီပေါ | မားနဂါး | မေလ ၂ ရက်နေ့ | ၂၀၂၁ခုနှစ် ။
ဒီကနေ့ မေလ ၂ရက်နေ့ မနက်ပိုင်းအချိန်မှာ သီပေါမြို့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြလှုပ်ရှားနေကြတဲ့ လူထု တွေကို ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့တွေက ဖြိုခွဲခဲ့ရာမှာ သီပေါဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ သီပေါမြို့ခံတစ်ဦးက မားနဂါးသတင်းဌာနကိုပြောပါတယ်။
သီပေါမြို့ လူထုလှုပ်ရှားမှုမှာ ဒီမနက် ၁ဝနာရီဝန်းကျင်အချိန် လူအင်အားထောင်ချီလမ်းလျှောက်သပိတ်စစ် ကြောင်းဖြင့် ဆန္ဒပြဖော်ထုတ်နေစဉ်မှာ ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့မှ လာရောက်ဖြိုခွဲရာမှာ အမျိုးသားတစ်ဦး ဦးခေါင်းထိမှန်ပြီး သေဆုံးခဲ့ပြီး တစ်ဦးက ခြေထောက်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့သိရပါတယ်။
သီပေါလူထုလှုပ်ရှားမှုမှာဖြိုခွဲခံရတာနဲ့ပတ်သက်ပြီး သီပေါမြို့ခံတစ်ဦးက
“ ဆန္ဒပြသူတစ်ဦးက ကျည်မှန်ပြီး ဦးခေါင်းထိသွားတယ်။ သေဆုံးတဲ့ သူက လူငယ်တစ်ဦးဖြစ်ပြီး သီပေါဇာတိကဖြစ်တယ်။ ယခုလိုဖြစ်တော့ ပြည်သူတွေဘာလုပ်ရမှန်းမသိတော့ဘူး။ မြို့ပြင်သွားသော်လည်း တိုက်ပွဲဖြစ် မြို့ထဲမှာနေလည်း သေနတ်သံတဒိုင်းဒိုင်းနဲ့ ကျနော်တို့ ဘယ်သူကိုအားကိုးရမလဲ ပြည်သူတွေက အားကိုးရာမဲ့ဖြစ်နေတယ်။” လို့ ဒီကနေ့ မားနဂါးသတင်းဌာနကိုပြောပါတယ်။
သီပေါမြို့မှာဆိုရင် ဆန္ဒပြသူတွေကို ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့တွေလိုက်လံ ဖြိုခွဲခံရတာဟာ ယခုနဲ့ဆိုရင် ဒုတိယကြိမ်မြောက်ရှိပြီး ပထမအကြိမ်မှာတော့ ပြည်သူ့ဆေးရုံအနီး မျက်ရည်ယိုဗုံးတွေဖြိုခွဲခံရပြီး သေဆုံးဒဏ်ရာရရှိတဲ့သူတွေတော့ မရှိခဲ့ပါဘူးလို့သိရပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4496107830418407?__cft__[0]=AZXO5c9cbu27gPseZWF3btI56BL7EFx8QKeqhZ_n-uBjUnRAH0VHCYn7LL5mHM4FDwn0yfxQl3mGUf6pl5b-6qD6R1WLfv0bgJnO29Fg9blA8jmq4nrL8qleTv5tV1Jt7KK2LgWeTDgN6EHkkmOcV1zw&__tn__=%2CO%2CP-R

No comments:

Post a Comment