ကလေးမြို့နယ်၊ သာစည်ကျေးရွာအတွင်း အကြမ်းဖက်ခြိမ်းခြောက်လုယက်နေသော ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDF (Kalay) ဝင်တိုက်၊ စစ်ကောင်စီမှ အနည်းဆုံး ၂ ဦး သေ
ရန်ကုန်၊ မေ ၃၁
ယနေ့ မေလ ၃၁ ရက် နံနက် ၉ နာရီခန့်တွင် ကလေးမြို့နယ်တောင်ပိုင်း သာစည်ကျေးရွာအတွင်း ဝင်ရောက်စီးနင်းထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ကို ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီမှ အနည်းဆုံး နှစ်ဦးသေဆုံးကာ KPDF ဘက်မှ တစ်ဦး အနည်းငယ် ဒဏ်ရာရခဲ့သည်ဟု သတင်းရရှိသည်။
အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်အင်အား ၅၀ - ၁၀၀ ခန့်သည် ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် သာစည်ကျေးရွာသို့ ဝင်ရောက်စီးနင်း၍ ကျေးရွာနေ ပြည်သူ ၈ ဦးခန့် မတရားဖမ်းဆီးခံခဲ့ရပြီး ကျေးရွာပြည်သူတို့၏ ပိုက်ဆံ စုစုပေါင်း သိန်း ၅၀ ခန့် လုယက်ခံခဲ့တာကြောင့် PDF (Kalay) တပ်ဖွဲ့ဝင်များသည် သာစည်ရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ဝင်များအား နံနက် ၉ နာရီအချိန်ခန့်မှ စတင်၍ ပိတ်ဆို့ပစ်ခတ်ခဲ့ရာ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PDF (Kalay) မှ ထုတ်ပြန်ထားသည်။
ကလေးမြို့ပြည်သူများအနေဖြင့် PDF(Kalay) အဖွဲ့ဝင်များကို ဝန်းရံ ပူးပေါင်းကူညီပေးကြပါရန်နှင့် ဤကာလအတောအတွင်း၌ စစ်ကောင်စီအဖွဲ့ဝင်များနေရာယူထားသည့် ရုံး၊ စခန်း၊ ကျောင်း၊ အဆောက်အဦးများအနီးဝန်းကျင်သို့ ဝင်ထွက်သွားလာခြင်းများ လုံးဝမပြုလုပ်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။
https://www.facebook.com/khitthitnews/posts/1210250642745613?__cft__[0]=AZUtxPhORg3ZPLDgx1qOslwC9UQ3wHM4NqtyZ62-EgU9C8Koef5d2wOZ5K06x2QkfM8VOZn9td68RlAMcL_ne0-nN9fX9Z3uGFgi1NDuCYR7dc80x9rbs-oMy7C8pb_155inoN_sWREdLSVQp6rcEFqp&__tn__=%2CO%2CP-R
No comments:
Post a Comment