မကွေး၊ ရေစကြို၊ ဇီးတောကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်အနီး ဗုံး ၂ လုံးပေါက်
ရန်ကုန်၊ မေ ၃၁
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဇီးတောကျေးရွာတွင် ယနေ့ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် အကြမ်းဖက်စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအဖြစ်ခန့်ထားသော ဝင်းမြင့်အောင်၏ အိမ်အနီးတွင် ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ကြောင်း ဒေသခံများထံ သိရှိရသည်။
နေအိမ်တွင်လူမရှိခိုက် ပေါက်ကွဲမှုဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရခြင်းများ မရှိခဲ့ကြောင်း၊ဒေသခံများကမူ အကြမ်းဖက်စစ်ကောင်စီနှင့် ဒလန်တို့ ပူးပေါင်းစီစဥ်လုပ်ကြံခြင်းဖြစ်နိုင်သည်ဟု ယူဆကြောင်း ၊ ဗုံးပေါက်မှုကို အကြောင်း ပြ၍ စစ်ကောင်စီအဖွဲ့များ လာရောက်ဆူပူရမ်းကားခြင်း၊ နေအိမ်များဖျက်ဆီးခြင်း ပစ္စည်းများလုယူခြင်းများဖြစ်လာမည်ကို စိုးရိမ်နေကြပြီး ရွာသားအတော်များများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။
https://www.facebook.com/khitthitnews/posts/1210127149424629?__cft__[0]=AZWlytOwJSzjjDzYY-AjYXbWCucPRk0au7DI0Whld2uVrGQGpugsM3R9vNrPwNoYTT2WA37m2LAlJWXbJIR54RBoceIX9bGgryhglXDUWRBJqod5ftFXOhjD5socvNLtl20fT84CvBgwI8OBkHAnNV0t&__tn__=%2CO%2CP-R
No comments:
Post a Comment