Monday, May 31, 2021

မြဝတီတောင်ဘက် ဖလူးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေ၍ အနီးဝန်းကျင်ကျေးရွာနေပြည်သူများ စစ်ရှောင်နေရ

 မြဝတီတောင်ဘက် ဖလူးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေ၍ အနီးဝန်းကျင်ကျေးရွာနေပြည်သူများ စစ်ရှောင်နေရ

June 1, 2021 807


ဇွန်လ ၁ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ


ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာအနီးတွင် ယနေ့ ဇွန်လ ၁ ရက် ၊ နေ့လည် ၁ နာရီအချိန်က စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့နှင့် ခွဲထွက် (DKBA) တို့ တိုက်ပွဲဖြစ်နေ၍ အနီးဝန်းကျင်ရှိ ရွာသားများမှာ ဘေးလွတ်ရာသို့ စစ်ရှောင်နေရ ကြောင်း သိရသည်။


ယမန်နေ့ မေလ ၃၁ ရက်နေ့က ဝေါလေမြိုင် ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးတို့အား ဗိုလ်ချုပ်ကျော်သက် ဦးဆောင်သည့် ခွဲထွက် (DKBA) အဖွဲ့မှ ဖမ်းဆီးခဲ့ရာမှ အစပြုကာ ယနေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး ယမန်နေ့ကတည်းကပင် မြဝတီ -ဖလူး-ကျောက်ခက်-ဝေါ်လေသွား ကားလမ်း ကို ပိတ်ထားသည်ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။


ယခု ဖြစ်ပွားလျက်ရှိသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ မြဝတီအခြေစိုက် နယ်မြေခံတပ်ရင်းများနှင့်အတူ နယ်ခြားစောင့်တပ်(BGF) အမှတ် ၁၀၂၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သလို ခွဲထွက် (DKBA)ဘက်တွင်လည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) မှ မျိုးဆက်လူငယ်များ ပါဝင်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

http://kicnews.org/2021/06/%e1%80%bb%e1%80%99%e1%80%9d%e1%80%90%e1%80%ae%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%98%e1%80%80%e1%80%b9-%e1%80%96%e1%80%9c%e1%80%b0%e1%80%b8%e1%82%90%e1%80%bc%e1%80%ac%e1%80%a1%e1%80%94/

No comments:

Post a Comment