Monday, May 31, 2021

စစ်ကောင်စီ သစ်လေလံ ဈေးနှိမ်ခံပြီး ရောင်းချနေရ

 စစ်ကောင်စီ သစ်လေလံ ဈေးနှိမ်ခံပြီး ရောင်းချနေရ

NLD အစိုးရလက်ထက်က ဖမ်းဆီးရမိသော ပြည်ပခိုးထုတ်မည့် သစ်များ / Forest Department

27.9k

By ဧရာဝတီ 31 May 2021

Want create site? Find Free WordPress Themes and plugins.

စစ်အာဏာသိမ်း ကာလအတွင်း ဘဏ္ဍာငွေရှာဖွေရေးအနေဖြင့် မြန်မာ့သစ်လုပ်ငန်းမှ သစ်လေလံပွဲများ ရောင်းချ လျှက်ရှိရာတွင် စိတ်ဝင်စားမှုနည်းပါးခြင်းနှင့် ဈေးကွက်အေးမှုများကြောင့် လေလံဈေးနှိမ် ရောင်းချရသည့် ပုံစံဖြစ် နေကြောင်း သစ်လုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရသည်။


မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျွန်းနှင့်သစ်မာ သစ်လုံး၊ သစ်ခွဲသား တန် ၂၃၀၀၀ ကျော်အား  ပြည်တွင်း/ပြည်ပ အိပ်ဖွင့်တင်ဒါခေါ်ကာ ရောင်းချခဲ့ရာတွင် ပုံမှန်ထက် ဝယ်ယူသူလုပ်ငန်း/ကုမ္ပဏီ နည်းပါးခဲ့ပြီး စုစုပေါင်းသစ်တန် ၁၀၂၀၀ ကျော်၊ ဒေါ်လာ ၅ သန်းခန့်ဖိုး ရောင်းချခဲ့ရကြောင်း သိရသည်။


မေလ ၂၇ ရက်နေ့က လေလံပွဲနှင့်ပတ်သက်ပြီး မြန်မာ့သစ်လုပ်ငန်းနှင့် နီးစပ်သူတဦးက “ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကုမ္ပဏီ အရေအတွက် နည်းတဲ့အပြင် ဝယ်လိုအားလည်း  နည်းတဲ့အတွက် အရင်တင်ဒါတွေနဲ့ နဲ့နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်းကျော်လောက် ကျဆင်းသွားတယ်” ဟု ပြောသည်။


စစ်ကောင်စီမှပြုလုပ်သည့် သစ်လေလံပွဲများနှင့်ပတ်သက်ပြီး အာဏာသိမ်းမှုဆန့်ကျင်သူများနှင့် အမျိုးသား ညီ ညွတ်ရေးအစိုးရ (NUG) တို့ဘက်မှ ဆန့်ကျင့်ကန့်ကွက်မှုများရှိနေပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း ပါဝင်ခြင်းမ ပြုကြရန် တိုက်တွန်းထားသည့်အတွက် လေလံပွဲတက်ရောက်ခြင်းမရှိသူများလည်းရှိကြောင်း သစ်လုပ်ငန်းရှင် တဦးက ပြောသည်။



NLD အစိုးရလက်ထက်က ဖမ်းဆီးရမိသော ပြည်ပခိုးထုတ်မည့် သစ်များ (ဓာတ်ပုံ – Forest Department)

“လုပ်ငန်းရှင်တွေမှာလည်း သူ့ယုံကြည်ချက်နဲ့သူရှိကြတာပါပဲ၊ ဒါပေမယ့် လုပ်ငန်းတခုရဲ့ နောက်မှာ အလုပ်သမား တွေနဲ့ မိသားစုတွေရဲ့ အခက်ခဲတွေရှိသေးတယ်၊ ဒီအတွက် မဖြစ်မနေ လည်ပတ်နေရတဲ့ အခြေအနေတွေလည်း ရှိသေးတယ်။ တချို့လည်း ရှိပြီးသားသစ်နဲ့ ထိန်းပြီးဆက်သွားနေရတာပေါ့၊ ဒီအချိန်မှာ ပိုင်ရှင်တယောက်အနေနဲ့ အရှုံးပဲရှိတယ်၊ အရှုံးက နည်းနည်းနဲ့များများပဲကွာတယ်”ဟု ၎င်းက ပြောသည်။


၎င်းသည် အလုပ်သမား သုံးရာခန့်ဖြင့် သစ်စက်တည်ထောင်ထားသူဖြစ်ပြီး ယခုမေလအတွင်း သစ်လေလံပွဲများ အား ဝင်ရောက်ဝယ်ယူခြင်းမရှိခဲ့ကြောင်းလည်း ပြောသည်။


မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနအနေဖြင့် ကျွန်းသစ်လုံး ၃၉၀ တန်၊ ကျွန်းခွဲသား ၂၅၀ ကုဗမီတာနှင့် ၂၀၁၉-၂၀၂၀ ခုနှစ်ထုတ် သစ်မာသစ်လုံး ပျဉ်းကတိုး၊ ကညင် တန် ၄၀၃၀ နှင့် ကျွန်းခွဲသား ၁၄၇ ကု ဗမီတာတို့အား မေလ ၂၇ ရက်နေ့က အမေရိကန်ဒေါ်လာဖြင့် အိတ်ဖွင့်တင်ဒါခေါ် ရောင်းချခဲ့ရာမှာ တန် ၂၁၃၀ ကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁.၈ သန်းကျော် ရောင်းချခဲ့ရကြောင်း သိရသည်။


သစ်လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည့်အချက်များအရ ယင်းလေလံပွဲတွင် Nagani Group Co,Ltd.,၊  Maung Maung Thein Co,Ltd.,၊ Unitite lndustriaI Co,Ld., ၊ Win Enterprise Co,Ltd /MTK Timber Pte Ltd.,၊ United Wood lndustries Co,Ltd.,၊  Yadi Shin Thant Co,Ltd.,၊  Thein Than Tun Co,Ltd.,၊ Katpana Timber Ltd(KTD)/NationaI Wood tndustries Co,Ltd.,၊ Green Links Pte Ltd. တို့ လေလံအောင်ခဲ့ကြ ကြောင်းလည်း သိရသည်။


ပြီးခဲ့သည့် မေလ ၁၉ ရက်နှင့် ၂၀ ရက်နေ့ကလည်း ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ ကျွန်း/သစ်မာ၊ သစ်လုံး/ခွဲသား တန် ၁၈၇၆၆ တန်အား အိတ်ဖွင့်တင်ဒါခေါ်ရောင်းချခဲ့ရာတွင် ၈၁၆၅ တန်ခန့်၊ တန်ဖိုး ကျပ်သန်း ၄၆၀၀ ခန့်(အမေရိကန်ဒေါ်လာ ၃ သန်းကျော်)ရောင်းချခဲ့ရကြောင်းလည်း သိရသည်။


NLD အစိုးရလက်ထက် ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ ဇန်နဝါရီ ၂၁ ရက်နေ့က နောက်ဆုံးပြုလုပ်ခဲ့ သည့် လေ့လံပွဲတွင်မူ ကျွန်းသစ်လုံး ၈၀၈ တန်ကျော်နှင့် ခွဲသား ၁၄၄.၉၅၈၉ ကုဗမီတာ၊ ကညင်(လပ်ပုံ) တန် ၂၅၀ ကျော်၊ သစ်မာ ၅၀၃၄ တန်ကျော် ရောင်းချခဲ့ရကြောင်း မြန်မာ့သစ်လုပ်ငန်းက ထုတ်ပြန်ထားသည်။



NLD အစိုးရလက်ထက်က ဖမ်းဆီးရမိသော ပြည်ပခိုးထုတ်မည့် သစ်များ (ဓာတ်ပုံ – Forest Department)

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ဝင်ငွေရရှိရေးအတွက် သစ်များအား တင်ဒါခေါ်ရောင်းချရာတွင် အကြောင်း အမျိုးမျိုးကြောင့် ပါဝင်ခဲ့သည့် လုပ်ငန်းရှင်များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုအား ရပ်တန့်ပြီး တင်ဒါအောင်မြင်ထားသည့် သစ်ဖိုးငွေများ မပေးသွင်းခြင်းဖြင့် CDM တွင် ပူးပေါင်းပါဝင်ပေးကြရန်လည်း NUG အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က တိုက်တွန်းထားသည်။


ပြည်ပရောင်းဝယ်မှုနှင့် သစ်စက်ဌာန၏ ၂၀၂၀-၂၁ ခုနှစ် စည်းကမ်းသတ်မှတ်ချက်အရ သစ်တန်တထောင်အတွင်း ဝယ်ယူသူအနေဖြင့် အာမခံကြေး ဒေါ်လာ တသောင်းပေးသွင်းထားရမည်ဖြစ်ပြီး သစ်တန်တထောင်မှ နှစ်ထောင်း အထိ အာမခံကြေး ဒေါ်လာနှစ်သောင်း၊ သစ်တန်နှစ်ထောင်မှ သုံးထောင်းအထိ အာမခံကြေး ဒေါ်လာသုံးသောင်း ပေးသွင်းထားရမည်ဖြစ်ပြီး တင်ဒါအောင်မြင်ပါက သစ်ဖိုးငွေအား ၇၅ ရက်အတွင်း ပေးသွင်းရန်ပျက်ကွက်ပါက အာမခံကြေးနှင့် သစ်များသိမ်းယူခံရမည်ဖြစ်သည်။


နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA) ကတော့ စစ်ကောင်စီအနေဖြင့် NLD အစိုးရလက်ထက် ဖမ်းဆီးရမိထားသည့် သစ်တန် နှစ်သိန်းကျော်အပါအဝင် သစ်များအား နိုင်ငံတကာဈေးကွက်သို့ ရောင်းချခြင်းဖြင့် “အာဏာသိမ်းမှု စရိတ်” ရှာဖွေရန် ကြိုးပမ်းနေကြောင်း ပြောဆိုထားသည်။


အာဏာသိမ်းစစ်ကောင်စီအနေဖြင့် နိုင်ငံပိုင်သယံဇာတများအား ရောင်းချခြင်းဖြင့် ဝင်ငွေရှာဖွေလျှက်ရှိရာမှာ ပြီးခဲ့ တဲ့ ဧပြီးလက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ကျောက်မျက်ရတနာပြပွဲတွင်လည်း ပုလဲအတွဲ ၃၁၇ တွဲအား ကျပ် ၁၄၂၇.၂၆ သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲ ၁၉၅၅ တွဲအား ကျပ် ၃၁၅၉၅.၇၉ သန်းဖြင့်လည်း ကောင်း၊ ကျောက်မျက်အတွဲ ၅၂ တွဲအား ကျပ် ၄၂၅.၈ သန်းဖြင့်လည်းကောင်း ရောင်းချခဲ့ရသည်။


ယင်းသို့ နိုင်ငံပိုင်သယံဇာတများအား ရောင်းချနေခြင်းနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး (NUG) အစိုးရ အနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်းနှင့် ပါဝင်ပတ်သက်သည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များအား အမည်ပျက် စာရင်းသွင်းကာ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည့်အပြင် လေလံတင်ရောင်းချမှုတွင် ပါဝင်သည့် ဝန်ထမ်းများအား ပြည်သူပိုင် ပစ္စည်းဖျောက်ဖျက်မှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုများဖြင့် အမည်ပျက်စာရင်း ရေးသွင်းသွားမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။


လက်ရှိစစ်အာဏာသိမ်းထားစဉ် ကာလအတွင်းမှာလည်း သယံဇာတ ခိုးယူမှုများအား တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထိန်းချုပ်နိုင်မှုမရှိခြင်းကြောင့် သစ်မှောင်ခိုလုပ်ငန်းများလည်း ပြန်လည်ခေါင်းဆောင်လာပြီး ၎င်းတို့အား ဖမ်းဆီးနိုင်ခြင်းလည်းမရှိကြောင်း သစ်တောဝန်ထမ်းတဦးက ပြောသည်။


“ပွင့်ပွင့်လင်းလင်း ပြောရရင် သစ်တောဦးစီးဌာနအနေနဲ့ အရင်အစိုးရတုန်းက သစ်ဖမ်းဆီးတာတို့ သတင်းပေး တာတို့ဆို ဆုချီးမြှင့်ခဲ့တော့ အထိုက်အလျောက် လျော့နည်းခဲ့ပေမယ့် ခုချိန်မှာ သစ်တောဦးစီးဌာနအနေနဲ့လည်း ဘာသယံဇာတမှ မကာကွယ်နိုင်ပါဘူး” ဟု ၎င်းကပြောသည်။


သစ်မှောင်ခိုမှုများ လျော့နည်းပပျောက်ရေးအတွက်လည်း ဖမ်းဆီးထိန်းချုပ်မှုများ တင်းတင်းကြပ်ပြုလုပ်ရမည် ဖြစ်သကဲ့သို့ ဖမ်းမိသည့် ပုံစံ-၈ ဝင်သစ်များအား ပြည်တွင်းဈေးကွက်တွင် ပြန်လည်ရောင်းချခြင်းမပြုဘဲ ဖျက် ဆီးခြင်း(သို့) လိုအပ်သည့် ကျောင်းနှင့် ပြည်သူများအတွက် အဆောက်အဦးများအား လှူဒါန်းခြင်းဖြင့် ဈေးကွက် ပပျောက်အောင် ဆောင်ရွက်မှသာ မှောင်ခိုလုပ်ငန်းတဖြည်းဖြည်းလျော့နည်းလာနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကထောက်ပြသည်။

https://burma.irrawaddy.com/news/2021/05/31/242360.html

No comments:

Post a Comment