Monday, May 31, 2021

ပလက်ဝ မြို့အဝင်အထွက်ကို စစ်ကောင်စီ ပိတ်ဆို့

 ပလက်ဝ မြို့အဝင်အထွက်ကို စစ်ကောင်စီ ပိတ်ဆို့

၂၀၂၀ ခုနှစ်အတွင်းက တွေ့ရသည့် ပုဒ်မ ၁၄၄ ထုတ်ထားသော ပလက်၀မြို့ / ဧရာဝတီ

16.4k

By ဧရာဝတီ 31 May 2021

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ဒေသခံများ၏ အသွားအလာ ကန့်သတ်မှုပြုလုပ်ကာ မြို့အဝင်အထွက်ကိုလည်း ပိတ်ဆို့ထားကြောင်း သိရသည်။


မေလ ၂၈ရက် နံနက် ၇နာရီ ဝန်းကျင်က ပလက်ဝမြို့လယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးရှေ့နှင့် မြန်မာ့စီးပွားရေးဘဏ် ရှေ့တို့တွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ စစ်ကောင်စီက ပလက်ဝမြို့ခံတချို့ကို ဖမ်းဆီးထားသလို ယခုကဲ့သို့ မြို့အဝင်အထွက်ကိုပါ ကန့်သတ်လာခြင်း ဖြစ်သည်။


ပလက်ဝမြို့ခံတဦးက “ဗုံးပေါက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြို့ထဲကလူ မြို့ပြင် မထွက်ရဘူး။ မြို့ပြင်ကလူလည်း မြို့ထဲ ဝင်လို့ မရဘူး။ သူတို့ (စစ်တပ်)က ပိတ်ထားတယ်။ တခြားရွာတွေဘက်က ဆင်းလာတဲ့ စက်လှေလည်း မြို့ကို ကပ်ခွင့်မပေးဘူး။ ကုန်းလမ်း၊ ရေလမ်းအကုန် ကျနော်တို့မြို့ကို ပိတ်ဆို့ထားတယ်” ဟု ဧရာဝတီကို ပြောသည်။


ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပလက်ဝမြို့နယ်တွင် နေထိုင်သည့် စစ်တပ်အရာရှိက မေလ ၂၉ ရက်နေ့တွင် မြို့ပေါ် ကီမိုခန်းမ၌ ဌာနဆိုင်ရာများနှင့် မြို့ခံတချို့ကို အစည်းအဝေးတရပ် ခေါ်ယူခဲ့ပြီး ဗုံးပေါက်ကွဲမှုကို ဖော်ထုတ်ရန်အတွက် မြို့ဝင်၊ မြို့ထွက်ကို ပိတ်ထားကာ စစ်ဆေးမည်ဖြစ်ကြောင်း၊ မြို့ခံများအနေဖြင့်လည်း ပူးပေါင်းပါဝင် ဖော် ထုတ်ပေးရမည်ဟု ဒေါသဖြင့် သတိပေးထားကြောင်း မြို့ခံများက ပြောသည်။


ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးစနီအောင် အပါအဝင် မြို့ခံ ၁၆ ဦးကို စစ်ကောင်စီ လက်အောက်ခံ တပ်မ ၅၅ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၆ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း လက် ရှိအချိန်အထိ မြို့ခံ ၁၀ ဦးကို ဖမ်ဆီးချုပ်နှောင်ထားကြောင်း သိရသည်။


ယခုလို စစ်ကောင်စီဘက်က မြို့ဝင်၊ မြို့ထွက်များကို ပိတ်ဆို့ ကန့်သတ်လိုက်ရာ စားသောက်ကုန်များ အဆမတန် ဈေးမြင့် တက်သွားပြီး မြို့ခံများအနေဖြင့် အခက်အခဲ ဖြစ်နေရကြောင်း ရွာမရပ်ကွက်မှ အမျိုးသမီးတဦးက ပြောဆိုသည်။


၎င်းက “ပလက်ဝမြို့ တဖက်ကမ်းကိုကူးတဲ့ ကူးတို့လှေကိုတောင် ပိတ်ထားတာဆိုတော့ မြို့ပေါ်ဆိုင်တွေမှာ ကုန် ပစ္စည်းတွေ အဆမတန် ဈေးတက်။ ငွေရှားပါးတဲ့အချိန် ကြက်ဥ ၁၀၀၀ ဖိုး ၃ လုံးနဲ့ ဝယ်စားနေရတယ်။ ဆန်၊ ဆီ၊ ဆား အကုန်တက်တယ်။ နောက်ဆို ရိက္ခာဝယ်လို့တောင်ရမှာ မဟုတ်တော့ဘူး” ဟု ဆိုသည်။


ပလက်ဝမြို့ပေါ်တွင် ရွာမရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ရိက္ခာရပ်ကွက် စသည့် ရပ်ကွက် ၃ ခုရှိပြီး ချင်း၊ ခူမီး၊ ရခိုင် အပါအဝင် မြို့ခံ ၂၀၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

ပလက်ဝ ပြည်သူ့ကာကွယ်ရေးတပ် (CDF Paletwa) က ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ ၎င်းတို့နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း၊ ထိုသို့ အများပြည်သူ အထိန့်တလန့်ဖြစ်စေသည့် လုပ်ရပ်များကို လုပ်ဆောင်မည် မဟုတ်ကြောင်း ယနေ့ (မေ ၃၁ ရက်) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။


ထို့ပြင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီမှ ခိုင်လုံသည့် အထောက်အထား မရှိဘဲ ဖမ်းဆီးထား သည့် ဒေသခံ ပြည်သူများအား ခြွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရန်လည်း CDF Paletwa က တောင်းဆိုထားသည်။


ပလက်၀မြို့သည် ၂၀၂၀ခုနှစ် အတွင်းကလည်း စစ်တပ်နှင့် ရခိုင်စစ်တပ်တို့ တိုက်ခိုက်မှုအကြားတွင် ဒေသခံများ ဖမ်းဆီး သတ်ဖြတ်ခံရသလို မြို့ကိုလည်း ပိတ်ဆို့ထားမှု ကြုံခဲ့ရသေးသည်။

https://burma.irrawaddy.com/news/2021/05/31/242357.html

No comments:

Post a Comment