စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ နိုင်ငံတလွှား ဆက်လက် ပေါ်ပေါက်နေချိန်မှာပဲ ကသာမြို့နယ်ထဲမှာတော့ ဗန်းမော်-ကသာ ကားလမ်းပေါ်က ရွှေပြည်သစ်ရွာနဲ့ ဟဲနားရွာကြားမှာ ဒေသခံ PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တနင်္ဂနွေနေ့ မနက် ၉ နာရီခွဲကနေ ၂ နာရီကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံ ရွာသားတဦးက ဗွီအိုအေကို ပြောပါတယ်။
“စစ်ကောင်စီဘက်က အခုလောလောဆယ်မှာ ၅ ယောက်ကျတယ်။ ၁၃ ယောက် အပြင်းအထန် ဒဏ်ရာရတယ်။ မေးကြည့်တာတော့ အခု ကသာဆေးရုံကို ရောက်နေပြီ။ လိုက်ပြီးတော့ စစ်လိုက်တဲ့အခါကျတော့ ဒေသခံ PDF ထဲက မိုးတားကြီးရွာက ၄ ယောက် ကျဆုံးတယ်ပေါ့နော်။ ဒီ PDF အဖွဲ့က ၄ ယောက် ကျဆုံးတယ်။ စစ်ကောင်စီဘက်ကလည်း သူတို့လူတွေ အလောင်းကျန်သေးတယ်ဆိုပြီး လိုက်တော့ ရှာနေတာပေါ့နော်။ အဲဒီအနားမှာ။”
စစ်ကောင်စီဘက်က လာရောက်တဲ့ စစ်သားက ၅၀ ကျော်လောက် ရှိတာကြောင့် ပျောက်ဆုံးသူ ၁၀ ယောက်ဝန်းကျင်လောက် ရှိနေတာဖြစ်ပြီး အခု ပျောက်ဆုံးသူတွေကို စစ်တပ်က လိုက်လံရှာဖွေနေတာလို့လည်း ပြောပါတယ်။လွန်ခဲ့တဲ့ ၄ ရက်လောက်က ကသာမြို့နယ်ထဲမှာရှိတဲ့ မိုးတားလေးရွာ ရဲစခန်း မီးရှို့ခံခဲ့ရတာပါ။ အခု စစ်ကောင်စီတပ်တွေ လာရောက်ချိန်မှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ၆၀ မမ အပါအဝင် လက်နက်ကြီးတွေသုံး ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံက ပြောပါတယ်။
တိုက်ခိုက်မှုတွေအတွင်း မိုးတားလေးရွာနားက မိုးတားကြီးရွာခံ ရွာသား ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီဘက်က ၅ ဦးက တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့ ၁၃ ယောက်ကလည်း ဒဏ်ရာပြင်းထန်တယ်လို့ ပြောပါတယ်။ တနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့တဲ့ ကသာမြို့နယ်တွင်းက တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ Chinland Defense Force (CDF) တပ်ဖွဲ့ကြား စနေနေ့ကနေ တနင်္ဂနွေနေ့အထိ ကြိုးကြား ကြိုးကြား ပစ်ခတ်မှုတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
https://burmese.voanews.com/a/bamaw-kathar-attacked/5910540.html
No comments:
Post a Comment