Monday, May 31, 2021

ပြင်ကြီးရွာတွင် အကြမ်းဖက်ကောင်စီကင်းလှည့်ရင်း ရွာသားများကို သေနတ်ဖြင့်ပစ်၊ အမျိုးသမီးနှစ်ဦးနှင့် ကလေးတစ်ဦး ထိမှန်ပြီး ဖမ်းခေါ်သွားခံရ

 ပြင်ကြီးရွာတွင် အကြမ်းဖက်ကောင်စီကင်းလှည့်ရင်း ရွာသားများကို သေနတ်ဖြင့်ပစ်၊ အမျိုးသမီးနှစ်ဦးနှင့် ကလေးတစ်ဦး ထိမှန်ပြီး ဖမ်းခေါ်သွားခံရ

ရန်ကုန်၊ မေ ၃၁
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပြင်ကြီးရွာရှိ မျှော်ရစ်အရှေ့ကမ်းဟု ခေါ်သည့်နေရာတွင် မေလ ၃၀ ရက်နေ့ညက အကြမ်းဖက်ကောင်စီ ကင်းလှည့်ရင်း ပြည်သူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ည ၉ နာရီခန့်က အကြမ်းကောင်စီနှင့် ဒလန်များ ပူးပေါင်းပြီး ဆိုင်ကယ်ဖြင့် ကင်းလှည့်ချိန်တွင် ရွာကင်းစောင့်သူများထွက်ပြေးခဲ့ကြရာ သေနတ်ဖြင့်လိုက်ပစ်ခဲ့ကြောင်း ၄င်းတို့ထံမှ သိရသည်။
သေနတ်ဖြင့်ပစ်ခတ်ခြင်းကြောင့် အသက် ၃၀ အရွယ်ရှိသည့် မအေးအေးချို၊ အသက် ၅ နှစ်အရွယ်ရှိသည့် မအေးအေးချို၏သား နှင့် အသက် ၄၀ အရွယ် မစန်းပိုတို့ ထိမှန်ပြီး ဖမ်းခေါ်သွားခံရကြောင်း ဒေသခံအချို့က ပြောသည်။
၄င်းတို့အနက် မအေးအေးချို သေဆုံးသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း Dakkhina Insight အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
https://www.facebook.com/khitthitnews/posts/1209819442788733?__cft__[0]=AZWui9drNtM0dRsw28kZgdGttD76Z2Gnj-yd9bXNDL6yVOVgIWg1GpaG0arGxk-AqlgrF57u9o2p_yT8OjhnpY1wUVT22HxCmghOs6pwj3xsMYFdwoBFqt5WPpOweLPxsU2x9zI7v8v5xEqZNj1QOrMS&__tn__=%2CO%2CP-R

No comments:

Post a Comment