လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ အပစ်ရပ်မည်ဟု တပ်မတော်ထုတ်ပြန်
By The Standard Time Daily -May 31, 2021
Share on Facebook
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထာဝရ ငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးသည်အထိ ဆက်လက်ဆွေးနွေးနိုင်ရန် ဇွန် ၃၀ ရက်အထိ အပစ်ရပ်ကာလ ထပ်မံတိုးမြှင့်လိုက်ကြောင်း တပ်မတော်က ယမန်နေ့(မေ ၃၀ ရက်) က ထုတ်ပြန်လိုက်သည်။
ကာကွယ်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဇွန်လ ၁ ရက်မှ ၃၀ ရက်အထိ ထပ်မံ တိုးမြှင့် ရပ်ဆိုင်းပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
ထို့အပြင် အခြေခံပညာကျောင်းများအား ဇွန် ၁ ရက် နေ့မှစ၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အား ရှေ့ရှု၍ ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ဆိုသည်။
NCA စာချုပ်လက်မှတ်ရေးထိုးပြီးသော လက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်ရေးထိုးရန်ကျန်ရှိသည့် ဆက်လက်ဆွေးနွေးဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အမြန်ဆုံး ဆက်လက်ဆွေးနွေးနိုင်ရန် ထုတ်ပြန်ချက်မှတစ်ဆင့်တိုက်တွန်းထားသည်။
http://sdtimedaily.com/2021/05/31/zm03-283/
No comments:
Post a Comment