သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် ယနေ့ မေ (၃၁) မနက် ( ၉ ) နာရီအချိန် စစ်အာဏာရှင်ဆန္ဒဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် စစ်ကြောင်း သေနတ်ပစ်ဖြိုခွင်းခံရပြီး ဖမ်းဆီးခံရသူများ ရှိကြောင်း စုံစမ်းသိရှိရသည်။ယနေ့ ဆန္ဒပြရာတွင် ယမန့်နေ့ (မေ ၃၀)ရက် ည တွင် ဖမ်းဆီးခံရသည့် ကိုမင်းမင်းကို ပြန်လွှတ်ပေးရန်အတွက် ဆန္ဒထွက်ပြခဲ့ပြီး ဖြိုခွင်းခံခဲ့ရကြောင်း သိရသည်။
“ စစ်ကောင်စီ ဘက် က သေနတ်ပစ်ဖောက်တာ။ လူတော့ ထိခိုက်မှု မရှိသေးဘူး။ စစ်ကောင်စီဘက် က ကားနဲ့လိုက်တိုက်လို့ အဲ့ထဲက အမျိုးသမီး တစ်ယောက်လား နှစ်ယောက်လာတော့ မသိဘူး ဖမ်းခံရတယ်” ဟု ကျောက်မဲမြို့ဒေသခံ တစ်ဦး ကပြောသည်။
ယမန့်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကိုမင်းမင်းကို ပြန်လွှတ်လာပေးရန်အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“မနေ့က ဖမ်းခံရတဲ့ ကိုမင်းမင်းကို ပြန်လွှတ်ပေးဖို့ အတွက်ဆိုပြီး သူတို့ဆန္ဒပြတာ။ ဆန္ဒကိုမြန်မြန်ပြပြီးတော့ လူစုခွဲသွားကြရတယ်။ သူတို့ သေနတ်နဲ့ ခြိမ်းခြောက်နေတယ်” ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောသည်။
ကျောက်မဲမြို့တွင် ဆန္ဒပြသူများကို မကြာခဏ ပစ်ခတ်ဖြိုခွင်းမှုများ ရှိခဲ့သော်လည်း ပြည်သူများအနေဖြင့် စစ်အာဏာရှင် စနစ်ကို အလိုမရှိကြောင်း ဆက်လက်ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ်တွင်လက်ရှိခြေနေထိ စစ်ကောင်စီမှ ဖမ်းဆီးသွားသူ စုစုပေါင်း ၁၀ ဦးရှိပြီးဖြစ်ကြောင်းသိရသည်။
https://burmese.shannews.org/archives/22284
No comments:
Post a Comment