ကျောက်မဲ ဆိုင်ကယ်သပိတ် သေနတ်နဲ့ပစ်ခတ်ဖြိုခွဲခံရ၊ ကားနဲ့တိုက်ပြီး ဖမ်းခံရသူရှိနေ
ရွှေဖီမြေ၊ မေလ ၃၁ ရက်၊ ကျောက်မဲ
ဒီနေ့ မေလ ၃၁ ရက် မနက်ပိုင်းမှာ ဆိုင်ကယ်သပိတ် ပြုလုပ်နေတဲ့ ကျောက်မဲမြို့က လူငယ်အဖွဲ့တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပြီး ဆိုင်ကယ်သပိတ် ပြုလုပ်နေသူတွေကို ကားနဲ့တိုက်ပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ကျောက်မဲ ဒေသခံတစ်ဦးက “ပစ်တာကတော့ ပစ်တယ်။ ဒါပေမဲ့ ထိတယ်လို့တော့ လက်ရှိ မကြားမိသေးဘူး။ မအလဘက်က ကားနဲ့ လိုက်တိုက်လို့ အဲထဲက အမျိုးသမီးတစ်ယောက်လား နှစ်ယောက်လားမသိဘူး ဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ၊ ထိခိုက်သူနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ကျောက်မဲမြို့မှာ ဆန္ဒပြသူတွေကို မကြာခဏ ဖြိုခွဲမှုတွေရှိပေမဲ့ စစ်အာဏာရှင် ဆန့်ကျင်မှုကို နေ့စဥ်ပြုလုပ်နေတဲ့ မြို့လည်း ဖြစ်ပါတယ်။
ဒီ ၃ ရက်အတွင်း စစ်ကောင်စီဘက်က ဆန္ဒပြသူတွေကို ခြိမ်းခြောက်တာမျိုးတွေ လုပ်နေတာကြောင့် လူငယ်အချို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
https://www.facebook.com/shwepheemyaynews/posts/963971874418944?__cft__[0]=AZW2NX2RbMsXqyPRMnd0QOdYr8OCQ4y0rQKFXHZ_CEZmCtoEf744TvDvfCIXCT42SA8WzgxyVDYp9v7pbevSkHx_DKxVacw8H5imLIgTdKXWzm9lmiOU79Hiv9asnJXVwZD7tk5V6N1NXeEA8jZzjAXw&__tn__=%2CO%2CP-R
No comments:
Post a Comment