Sunday, May 2, 2021

နိုင်ငံ့ဝန်ထမ်းများ ပြည်သူဘက် လာရောက်ပူးပေါင်းပေးရန် ဝင်းရော်သပိတ်စစ်ကြောင်း တောင်းဆို

 နိုင်ငံ့ဝန်ထမ်းများ ပြည်သူဘက် လာရောက်ပူးပေါင်းပေးရန် ဝင်းရော်သပိတ်စစ်ကြောင်း တောင်းဆို

May 2, 2021 754


မေလ ၂ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီ


စစ်ကောင်စီတို့၏ အုပ်ချုပ်မှုအောက်တွင် အခြေအနေအမျိုးမျိုးကြောင့် ပါဝင်နေရသည့် နိုင်ငံ့ဝန် ထမ်းများအနေဖြင့် အာဏာရှင်စနစ်အောက် ရုန်းထွက်ပြီး ပြည်သူဘက် လာရောက်ပူးပေါင်းပေးရန် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်သပိတ်စစ်ကြောင်းမှ ယမန်နေ့ မေလ ၁ ရက်နေ့တွင် စုပေါင်းတောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။


မတရား ဖမ်းဆီးခံထားရသူများ အမြန်ဆုံးပြန်လွတ်ပေးရေး၊ ဖယ်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးနှင့် အာဏာရှင်စနစ်အောက်တွင် ပိတ်မိနေသည့် နိုင်ငံ့ဝန်ထမ်းများအားလုံး ပြည်သူဘက် ရပ်တည်ကာကွယ်ပေးရန် ၎င်းတို့ ဆန္ဒထုတ်ဖော်ပွဲတွင် ကြွေးကြော်သည်။


“ နိုင်ငံ့ဝန်ထမ်းတွေ အားလုံးကို ကျနော်တို့စောင့်မျှော်နေပါတယ်။ ပြည်သူတွေနဲ့အတူ လာရောက်ပူးပေါင်းဖို့ ကျနော်တို့ဘက်က ကြိုဆိုပါတယ်။ ဌာနဆိုင်ရာအားလုံး ကာကွယ်ရေးကအစ အမှန်တရားအတွက် တိုက်ပွဲဝင်ဖို့ ပြည်သူနဲ့အတူ လာရောက်ပူးပေါင်းပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်သူ လူငယ်တစ်ဦးက ကေအိုင်စီ သို့ပြောသည်။


ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် စစ်အာဏာရှင်စနစ်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့် နိုင်ငံ့ဝန်ထမ်းအလွှာအသီးသီးမှ အာဏာဖီဆန်ရေး (CDM) လုပ်ဆောင်မှုပြုလုပ်ကြပြီး စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် အခြေအနေအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်နေရသည့် နိုင်ငံ့ဝန်ထမ်းများလည်း ရုန်းထွက်လာကြရန် ဝင်းရော်ဒေသရှိ ဝန်ထမ်းများက ကေအိုင်စီသို့ပြောသည်။ http://kicnews.org/2021/05/%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%84%e1%80%b6%e1%80%b7%e1%80%9d%e1%80%94%e1%80%b9%e1%80%91%e1%80%99%e1%80%b9%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%bb%e1%80%95%e1%80%8a/

No comments:

Post a Comment