အိန္ဒုတွင် သပိတ်စစ်ကြောင်းထွက်ရန်လူစုစဉ် သေနတ်ပစ်ဖောက်ဖြိုခွင်းခံရ
May 2, 2021 2413
Photo: CJ
မေ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့နယ် အိန္ဒုကျေးရွာတွင် ယနေ့ (မေ ၂ ရက်) နံနက်တွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းထွက်ရန်အတွက် ကျေးရွာဘောလုံးကွင်းအနီးတွင် လူငယ်များလူစုနေစဉ် အရပ်ဝတ်လူ ၄ ဦးမှ သေနတ်ဖောက်ပြီး လာရောက်ဖြိုခွင်းခဲ့သည်ဟု သိရသည်။
သပိတ်စစ်ကြောင်း ထွက်ရန်အတွက် လူစုသည့်နေရာအနီး နံနက် ၈ နာရီဝန်းကျင်ခန့်တွင် အရပ်ဝတ်လူ ၄ဦးမှ အိမ်စီးကား ဖြင့်ရောက်လာပြီး လူစုခွဲရန် သေနတ်ပစ်ဖောက်သည့်အတွက် လူငယ်များလူစုခွဲရပြီး ဆိုင်ကယ် အမြောက်အမြားလည်း လူစုရာနေရာတွင် ကျန်ခဲ့သည်ဟု သပိတ်တွင် ပါဝင်သည့် လူငယ်တစ်ဦးထံမှသိရသည်။
“ သေနတ်ပစ်ဖောက်တော့ အကုန်ပြေးရတယ်။ တစ်ချို့က ဆိုင်ကယ်ယူနိုင်တယ် တစ်ချို့က ယူမအားတော့ဘူး ပြေးနေရတယ်။ သူတို့က အိ
http://kicnews.org/2021/05/%e1%80%a1%e1%80%ad%e1%82%8f%e1%81%b5%e1%80%b3%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%9e%e1%80%95%e1%80%ad%e1%80%90%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84/
No comments:
Post a Comment