Saturday, April 24, 2021

ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားမှုတွေမှာ ပါဝင်ကြတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ရှိန် လျှော့ကာတွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးဖို့ SNDP မှမေတ္တာရပ်ခံတိုက်တွန်း

 ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားမှုတွေမှာ ပါဝင်ကြတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ရှိန် လျှော့ကာတွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးဖို့ SNDP မှမေတ္တာရပ်ခံတိုက်တွန်း

လားရှိုး | မားနဂါး | ဧပြီလ ၂၄ | ၂၀၂၁ခုနှစ် ။
ပြည်တွင်းငြိမ်းရေး၊ ပြည်သူများစစ်ဘေးဒဏ်ခါးစည်းခံရမှုချုပ်ငြိမ်းရေးတွေကို ရှေးရှုပြီး တပ်မတော်အပါအဝင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားမှုများမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်တွေအားလုံး စစ်ရှိန်လျှော့ ကာ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုကိုသာ အထူးဦးစားပေးဆောင်ရွက်ကြပါရန် ရှမ်းတိုင်းရှုင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ မေတ္တာရပ်ခံ တိုက်တွန်းပါတယ်လို့ မနေ့ ဧပြီလ ၂၃ရက်နေ့မှာ ထုတ်ပြန် ထားပါတယ် ။
လက်ရှိဖြစ်ပေါ်နေတဲ့ Covid-19 ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုတို့ကြောင့် ပြည်သူများအချင်းချင်းမှ ကိန်းဂဏန်းသောင်းချီရှိတဲ့ စစ်ဘေးရှောင်ပြည်သူများကို လှူဒါန်းကူညီဖေးမရန်မှာ များစွာခက်ခဲနေတဲ့ကာလဖြစ်ပါတယ်လို့ရေးသားဖော်ပြထားပါတယ် ။
စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူတွေကို သက်ဆိုင်ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ထိထိရောက်ရောက် ကူညီပံ့ပိုးဆောင်ရွက်ပေးပါရန် အလေးအနက် မေတ္တာရပ်ခံပါတယ်လို့ လည်းရေးသားထုတ်ပြန်ထားပါတယ် ။
https://www.facebook.com/MarnagarMultimediaNews/posts/4472444122784778?__cft__[0]=AZXVmQQES6xyn9VH2y8nMJIyAOKFKmF1n9uV2J60zS5nC4glb2SVFgpWR1QMmCqb4mv7NhuR21K8Ia0Zql4YoJ-IgnXb6lEB0hHq-7bfDZlmj6zj42wQULKw_8ch9YcSBVLCn38lD-KqU_EvnkhyIOGk&__tn__=%2CO%2CP-R

No comments:

Post a Comment