မူဆယ်မြို့မိုးလုံလေလုံအနီးရှိဆိုင်တစ်ဆိုင်ကိုစစ်ကောင်စီအုပ်စုမှဝင်ရောက်မွှေနှောက်ပြီးဆိုင်ဝန်ထမ်း ၆ဦးဖမ်းဆီးခေါ်ဆောင်
မူဆယ် | မားနဂါး | ဧပြီလ ၂၄ | ၂၀၂၁ခုနှစ် ။
ဒီကနေ့ဧပြီလ ၂၄ရက် မွန်းလွဲ ၂နာရီဝန်းကျင်အချိန်မှာ မူဆယ်မြို့နာရီစင်အနီးနဲ့ မိုးလုံလေလုံနေရာတွေမှာ စစ်ကောင်စီအုပ်စုမှ သွားလာကြတဲ့ပြည်သူတွေရဲ့ဖုန်းတွေကိုစစ်ဆေးတာတွေပြုလုပ်ပြီး ဆိုင်တစ်ဆိုင်မှာ ဝင်ရောက်မွှေနှောက်ရာမှာ ဗျောက်တွေတွေ့တယ်ဆိုပြီး မသင်္ကာမှုနဲ့ဆိုင်ဝန်ထမ်း ၆ဦးကို ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ မူဆယ်မြို့ခံတစ်ဦးက မားနဂါးသ တင်းဌာနကိုပြောပါတယ်။
ဒေသခံပြည်သူ ၆ဦးကို လာရောက်ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မူဆယ်မြို့ခံတစ်ဦးပြောပြချက်အရ
"သူတို့ကပစ္စည်းတွေကိုအမြန်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်တဲ့ဆိုင်ဆိုတော့ အရောင်းအဝယ်လုပ်ကြမှာပဲလေ သူများမှာတဲ့ပစ္စည်းတွေ သူတို့ကလက်ခံထားတယ်။ သူတို့ကဝင်စစ်တော့ ဗျောက်တွေတွေ့လို့ဆိုပြီးမသင်္ကာမှုနဲ့ ဆိုင်ဝန်ထမ်း ၆ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ် ။"လို့ မားနဂါးသတင်းဌာနကိုပြောပါတယ်။
ဆိုင်ဝန်ထမ်း ၆ဦးကို မူဆယ်မြို့မရဲစခန်းသို့ခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းမှုတွေပြုလုပ်သွားမှာ ဖြစ်တယ်လို့ သူကဆက်ပြောခဲ့ပါတယ်။
ဒီနေ့လည် ၁၂နာရီဝန်းကျင်အချိန်မှာလည်း မူဆယ်မြို့ မြန်မာ-တရုတ်နယ်စပ်ပို့ဆောင်ရေးဂိတ်ဖြစ်တဲ့ နန်းတော် ပေါက်(အလယ်ပေါက်)တံခါးဝမှာ တာယာမီးရှို့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4472609679434889?__cft__[0]=AZVZQ487iqFBTJ8cPrUYJKlVBGgNHuEc1RJcpf09-biu8bNd8uKoeZQ7LWPbWES8Lj-EHtBlhgn2bva8TLCc0s_Cd8tfG0_flSmo72g3ZExFoiH_o33ZCIjXbc35Oh2VFC68HQ3OiCdjh57jZOwB9tOI&__tn__=%2CO%2CP-R
No comments:
Post a Comment