Tuesday, April 27, 2021

သံလွင်မြစ်ဘေး မြန်မာစစ်စခန်းတခုကို KNU တပ်မဟာ(၅) သိမ်းပိုက်

 ထိုင်း မြန်မာနယ်စပ် သံလွင်မြစ်ကမ်းဘေးမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်ရဲ့ မယ့်ရထာစခန်းကို ကရင်လက်နက်ကိုင် KNU ရဲ့ တပ်မဟာ ၅ က ဒီနေ့ ဧပြီလ ၂၇ ရက် မနက်အစောပိုင်းက သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက် နေ့လယ်ပိုင်းအထိ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ အပစ်အခတ်တွေရှိ ကေအန်ယူဘက်ကပြောပါတယ်။ ဒီသတင်းကို ဗီွအိုအေ သတင်းထောက်မအေးအေးမာက တင်ဆက်ပေးပါမယ်။ကရင်ပြည်နယ် ဖာပွန်ခရိုင် သောလဲထာမှာ အခြေစိုက်ထားတဲ့ န.စ.က စစ်ကောင်စီတပ်တွေရဲ့ စစ်စခန်းတခုကို ကေအန်ယူတပ်ဟာ ၅ တပ်တွေက ဒီနေ့ မနက်ပိုင်းက ဝင်ရောက်သိမ်းပိုက်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်နဲ့ သံလွင်မြစ်သာခြားတဲ့ မယ်ရထာ စစ်တပ်အခြေစိုက်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် မီးရှို့ဖျက်စီးခဲ့တယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မူးကြီး စောကလယ်ဒိုက အခုလိုပြောပြပါတယ်။

"တက်သိမ်းတာတော့ ဟုတ်တာပေါ့နော်။ တဘက်နဲ့ တဘက်ဟိုဘက်က ထိခိုက်ဒဏ်ရာရရှိမှု သေကြေမှု ဘယ်လောက်ထိရှိလဲဆိုတာ မသိရသေးဘူူး။ တက်သိမ်းတာ ဟုတ်တယ်။ စခန်းလည်း မီးရှိှု့ပစ်လိုက်တယ်။ အခုလည်း အနီးအနားမှာ ရှင်းနေတုန်းပဲ။ အဲဒီဂွင်က တဘက်က မဲ့စံလက်ကိုလို့ခေါ်တယ်။ တဘက်ကတော့ ကရင်အခေါ်ကတော့ မယ့်ရထာစခန်းလို့ခေါ်တယ်။ ထိုင်းဘက်ကိုတော့ သူတို့မပြေးဘူး။ မြစ်ကခံနေလို့ ပြေးဖို့အတွက် မလွယ်ဘူးဖြစ်နေတယ်။ သူတို့က နီးစပ်ရာစခန်းကိုပဲ ဝင်ဖို့ ကြိုးစားနေတယ်။ သူတို့အထက်မနီးမဝေးမှာ စခန်းတခု ရှိတာပေါ့နော်။ အူးသူထလို့ ခေါ်တယ်။ အဲဒီစခန်းကို ဝင်မယ်လို့ ကျနော်တို့က ယူဆရတာပေါ့နော်။"မြန်မာဘက်အခြမ်း သံလွင်မြစ်ကမ်းတလေ ျှာက် ကေအန်ယူတပ်မဟာ ၅ နဲ့ မဝေးလှတဲ့နေရာတွေမှ စစ်တပ်အခြေစိုက် စခန်း ၆ ခုထက် မနည်းကျန်သေးတယ်လို့လည်း ပြောပါတယ်။ တချို့ စစ်စခန်းတွေ တခုနဲ့တခု ပူးပေါင်းပြီး ခြေကုပ်ယူထားပုံရတယ်လို့ KNU ဘက်ကပြောပါတယ်။

ကေအန်ယူတပ်မဟာ ၅ ဟာ မတ်လ ၂၇ ရက်နေ့ကလည်း စစ်တပ်စခန်းတခုဖြစ်တဲ့ သီးမူးထာစခန်းကို သိမ်းပိုက်ခဲ့ပါသေးတယ်။ အချိန် ၁ လအကြာ ဒီနေ့မှာ နောက်ထပ် စခန်းတခုဖြစ်တဲ့ မယ်ရထာစခန်းကို သိမ်းပိုက်တာဖြစ်ပါတယ်။ တပ်မဟာ ၅ တပ်တွေနဲ့ ဖာပွန်မြို့ အနီးတဝိုက်မှာလည်း စစ်တပ်နဲ့ တိုက်ပွဲတွေ နေ့စဉ်လို ဆက်ဖြစ်နေတယ်လို့ ဒုဗိုလ်မူးကြီး စောကလယ်ဒိုက ဗွီအိုအေကို ပြောပါတယ်။

"ပစ်ခတ်မှုအပိုင်းကတော့ ကျိုကြား၊ ကျိုကြားရှိတယ်။ တနေ့ကို ဟိုတနေရာ ဒီနေရာတော့ ပစ်ကြတာရှိတယ်။"

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း KNU ရဲ့ တပ်မဟာ အသီသီးနဲ့ စစ်တပ်ကြားမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်တပ်ဘက်ကလည်း ကေအန်ယူတပ်မဟာ ၁၊ တပ်မဟာ ၃ နဲ့ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွေအပေါ် လေကြောင်းကနေ တိုက်ခိုက် ဗုံးကြဲခဲ့တဲ့အတွက် အရပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး ကရင်ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

https://burmese.voanews.com/a/knu-myanmar-military-/5868280.html

No comments:

Post a Comment