ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်အဖြစ် ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း CRPHမှ ထုတ်ပြန်
လားရှိုး | မားနဂါး | ဧပြီလ ၂၆ | ၂၀၂၁ခုနှစ် ။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ ဧပြီလ ၂ဝရက်နေ့မှာကျင်းပတဲ့ အစည်းအဝေးဆုံး ဖြတ် ချက်အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃ဦး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှာ အဖွဲ့ဝင်များအဖြစ် ထပ်မံတိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒီကနေ့ ဧပြီလ ၂၆ရက်နေ့မှာ ထုတ် ပြန်ထားပါတယ်။
တိုးချဲ့ဖွဲ့စည်းသွားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃ဦးမှာ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ် တော်မဲဆန္ဒနယ် အမှတ်(၆)၊ အမျိုးသားဒီကိုကရေစီအဖွဲ့ချုပ်ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ် ကချင်ပြည်နယ်ပြည်သူ့ပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးလမာနော်အောင် နဲ့ ရန်ကုန်တိုင်း ပန်းဘဲတန်းမဲဆန္ဒနယ် အမျိုးသား ဒီကိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်တို့ ၃ဦးဖြစ်ကြပါ တယ်လို့ရေးသားထုတ်ပြန်ထားပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4478594438836413?__cft__[0]=AZVjqeYzv2TitQP6myQqL9FIw6fv8c558RI_qJTjatJ5UDWJ3o9GVptM-BYqgmGhwXti9GyyLk5-sbZaABME9lZtCxb2tWJwsvKKNS2UA7qRoewyVY21IfvzPOidwbWqcR06WGd_AONQ_DWsPhDBMPew&__tn__=%2CO%2CP-R
No comments:
Post a Comment